အကြမ်းဖက် တိုက်ခိုက်မှု စွဲချက်အား အေမီဝိုင်းဟောက်စ် ဝန်ခံလိုက်

alt

ဇန်နဝါရီလ (၂၀)ရက် နေ့က ဗြိတိသျှ အဆိုတော် အေမီ ဝိုင်းဟောက်သည် အကြမ်းဖက် တိုက်ခိုက်ခဲ့မှု အတွက်  စွဲချက်ကို အပြစ် ရှိကြောင်း ဝန်ခံ ခဲ့သည်။ အသက် (၂၆)နှစ်ရှိ R&B အဆိုတော်

သည် က ပွဲအခမ်းအနား တခုတွင် ဝန်ထမ်း ဖြစ်သူအား ဆံပင်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း တရားရုံး တွင် ထွက်ဆို သွားခဲ့သည်။ ပြီးခဲ့သည့် နှစ်ကုန် ပိုင်းက မီတန်ကီးနက် တွင် ကျင်းပသည့် ကပွဲတခု အတွင်း သူမသည် ကပွဲရုံ မန်နေဂျာ ရစ်ချက်ပွန်း အား ဗော့ကာအရက် (၆)ခွက်နှင့် ကိုကာကိုလာဘူး မှာယူရင်း အချင်းများကာ ယခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပွန်းက ၎င်းသည် အမ်မီအား ရေတခွက်မျှ သောက်သင့်ကြောင်း အကြံပေးခဲ့ရာတွင် သူမက ဒေါသတကြီး အော်ဟစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ သက်သေများ၏ အဆိုအရ ထို့နောက်တွင်မူ အမ်မီသည် အိမ်သာထဲသို့ ဒယိမ်းဒယိုင် ဝင်သွားပြီး အထဲတွင်လည်း အော်ဟစ် ဆဲဆိုနေကြောင်း သိရှိရသည်။

ထို့နောက်တွင် အမ်မီသည် ပြန်ထွက်လာကာ ပွန်းထံသို့ လျှောက်သွားပြီး သူမ၏ အပြုအမူအတွက် တောင်းပန်ကြောင်း ပြောကြားခဲ့သည်ဟု မျက်မြင်များက ဆိုသည်။ ထိုအခါ ပွန်းက အမ်မီအား အရက် အလွန်မူး နေသောကြောင့် အိမ်ပြန် အနားယူသင့်ကြောင်း တိုက်တွန်းခဲ့ရာ သူမက ညစ်ညစ်ညမ်းညမ်း ဆဲဆိုပြီး ပွန်းသည် ကိုယ့်အဆင့် ကိုယ်မသိဘဲ ဆရာလုပ်သည်ဟု ကြိမ်းဝါးကာ ဆံပင်အား အတင်းဆောင့်ဆွဲ ခဲ့ကြောင်း သက်သေများက ထွက်ဆို သွားကြသည်။

အမ်မီသည် ယခု ကိစ္စအတွက် အပြစ်ရှိကြောင်း ထွက်ဆိုပြီးနောက် မကြာမီ ရက်ပိုင်းအတွင်း တရားရုံးက ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here