ကုလသမဂ္ဂ အကူအညီ များအား ရောင်းစားသည့် အာဖဂန် တဦး အဖမ်းခံရ

alt

နက်ဆာဒေသမှ အာဖဂန်နစ္စတန် လူမျိုးတဦးသည် ကုလသမဂ္ဂ ထောက်ပံ့ထားသည့် လူသားချင်း စာနာမှု အကူအညီ ပစ္စည်းများအား ဒေါ်လာ (၂၀၀၀၀)ဖိုးမျှ အထိ ရောင်းစား ထားသည်ကို ဖော်ထုတ်

တွေ့ရှိခဲ့ကြောင်း လုံခြံုရေး တာဝန်ရှိသူ များက ဆိုသည်။

စီးပွားရေး လုပ်ငန်းရှင် တဦးလည်းဖြစ်သော ယင်း ပုဂ္ဂိုလ်သည် ဂျံု(၁၂၁၂)အိတ်၊ ဟင်းသီး ဟင်းရွက်ဆီ (၂၂၄)သေတ္တာ၊ သကြား(၁၄၅)ဘူး နှင့် ဆား(၁၂)အိတ် တို့အား ဇာဘိုခရိုင်ရှိ ကာလက်ဈေးတွင် ရောင်းချနေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

လုံခြံုရေးများက ယင်းပုဂ္ဂိုလ်သည် ဆက်စပ် ပတ်သက်သူများကို အစားအသောက်များ အခမဲ့ ပေးခဲ့ကြောင်းလည်း ဆိုသည်။ ၎င်းသည် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ အတွက် ရည်ရွယ် ထောက်ပံ့ထားသော ပစ္စည်းရိက္ခာ များအား တရားမဝင် ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၂၀)ရက် နေ့တွင် ကြေညာခဲ့သည်။

ထိုသူ၏ အမည်နှင့် မည်သို့ တရားစွဲမည်ဆိုသော အချက်များကိုမူ အာဏာပိုင်များက ပြောကြားခြင်း မရှိသေးပေ။ အာဖဂန်သို့ ကုလသမဂ္ဂက ထောက်ပံ့ထားသော ပစ္စည်းများတွင် ဂျံုသည် အဓိကဖြစ်ပြီး ယင်းတို့အား အလွဲသုံးစားမှု ပြုလုပ် ရောင်းချမှုများ ယခင် ကတည်းက ရှိနေခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here