ခရစ်ယာန် ဘုရားကျောင်းများအား တိုက်ခိုက်ခဲ့သူ ရှစ်ဦး မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး

alt

နိုင်ငံအတွင်းရှိ ခရစ်ယာန် ဘုရား ကျောင်း များအား တိုက်ခိုက် ခဲ့သူများဟု ယူဆရသူ (၈) ဦးအား မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်သည်။

(၂၀၀၉) ခုနှစ် ကုန်ပိုင်းတွင် မလေးရှား နိုင်ငံ အတွင်း အလာဟ် ဟူသော စကားလုံး ကို မွတ်ဆလင် မဟုတ်သူများပါ သုံးစွဲခွင့်ရရန် တရားရုံးက ဆုံးဖြတ်ခဲ့မှု အပေါ် မကျေနပ် သဖြင့် ယခုလ အစောပိုင်းက မလေးရှား ခရစ်ယာန် ဘုရားကျောင်းများ အား တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့ရသည်။

ထိုဖြစ်ရပ်များ အတွင်း ဒဏ်ရာ ရသူများ မရှိ ခဲ့သည့်တိုင် ဘုရားကျောင်းများတွင် မီးလောင် ပျက်စီးမှု အချို့ ရှိခဲ့ကြောင်း သိရသည်။ ယခုအခါတွင် ထိုလုပ်ရပ် အတွက် သံသယရှိသူ (၈) ဦး ကို ဖမ်းဆီး ထားပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရဲတပ်ဖွဲ့ အကြီးအကဲ ဘာကရီဇင်နင်းက ဆိုသည်။ ၎င်းတို့သည် ကွာလာလမ်ပူရှိ မက်ထရို တီဘာနာဒီ ဘုရားကျောင်းအား ဖျက်ဆီး တိုက်ခိုက်ခဲ့သူများ ဖြစ်နိုင် ကြောင်းလည်း ဘာကရီက ပြောကြား သွားသည်။

မလေးရှား ဗဟိုတရားရုံးက အစိုးရ ပြဌာန်းထားသော အလာဟ်ဆိုသည့် စကားအား အခြားဘာသာဝင်များ သုံးစွဲခွင့် မရှိဆိုသော ဥပဒေသည် ခိုင်မာမှုမရှိကြောင်း ဆုံးဖြတ်ကာ ပယ်ချလိုက်ပြီးနောက် မလေးရှားရှိ မွတ်ဆလင်နှင့် ခရစ်ယာန်တို့ကြား တင်းမာမှုအချို့ ပေါ်ပေါက်လာခဲ့သည်။

အလာဟ်ဆိုသော စကားသည် မွတ်ဆလင်ဘာသာမှ ဆင်းသက်လာခြင်း ဖြစ်သော်လည်း အီဂျစ်၊ ဆီးရီးယား၊ မလေးရှား နှင့် အင်ဒိုနီးရှား တို့ကဲ့သို့ နိုင်ငံများတွင် ခရစ်ယာန် ဘာသာဝင် များသည်လည်း ၎င်းတို့၏ ဘုရားသခင် အား အလာဟ်ဟုပင် ရည်ညွှန်းသုံးနှုန်းကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here