ဂျီးဆက်လက်စ် နှင့် ကလေး ရယူလိုသည့် မက်ဒေါနား

alt

မက်ဒေါနားသည် သူမနှင့် တွဲနေသည့် ဂျီးဆက်လက်စ် နှင့် ကလေး ယူလိုသော ဆန္ဒ ရှိနေ ကြောင်း သူမ၏ မိတ်ဆွေ များက ပြောကြား ခဲ့သည်။ အသက် (၅၁) နှစ်ရှိ Pop ဘုရင်မကြီးတွင် ယခင် အိမ်ထောင်များနှင့် (၁၃) နှစ် အရွယ် သမီးလေး လောက်ဒရက်၊ (၉) နှစ် အရွယ် သားငယ်ရော့ကို တို့ ရှိနေပြီး မာလဝီမှ ဒေးဗစ်နှင့် မာစီ တို့ကိုလည်း မွေးစား ထားသည်။

သို့သော်လည်း မက်ဒေါနားမှာ အသက် (၂၂) နှစ်ရှိ ဂျီးဆက်နှင့်လည်း နောက်ထပ် သားသမီး ရရန် မျှော်လင့်နေကြောင်း သူမနှင့် ရင်းနှီးသူများက ဆိုသည်။ မက်ဒေါနားသည် အသက်အရွယ်ကြောင့် သားသမီးရရန် ခက်ခဲ နေသည့်တိုင် သူမ၏ စိတ်ကူးဆန္ဒအတွက် အရာရာကို ရင်ဆိုင်ရန် အသင့်ရှိနေကြောင်း မက်ဒေါနား၏ သူငယ်ချင်းများက ပြောကြားခဲ့ကြသည်။

ထို့အပြင် ဂျီးဆက် ကိုယ်တိုင်ကလည်း မက်ဒေါနား နှင့် သားသမီး ရရန် မျှော်လင့်နေပြီး ဖခင်တဦး၏ ဘဝကို ပိုင်ဆိုင်လိုသည့် ဆန္ဒ ရှိနေကြောင်း သိရသည်။

ဂျီးဆက်သည် မက်ဒေါနား၏ ချစ်သူဖြစ်ခွင့်ရခြင်းအပေါ် အလွန်ဂုဏ်ယူပြီး သူမနှင့်အတူ ရင်သွေးတဦး ရရှိရန်လည်း စိတ်အား ထက်သန်နေကြောင်း မက်ဒေါနား၏ သူငယ်ချင်းများက ဆိုသည်။ သို့သော်လည်း ဂျီးဆက်နှင့် မက်ဒေါနားတို့သည် လတ်တလောတွင် လက်ထပ်ရန် အစီအစဉ် မရှိနိုင်သေးကြောင်း မက်ဒေါနားနှင့် နီးစပ်သော အသိုင်းအဝိုင်း ကဆိုသည်။

မကြာသေးမီက ယင်းတို့နှစ်ဦး လက်ထပ်တော့မည်ဟု သတင်းများ ထွက်လာသေးသော်လည်း ဂျီးဆက်က မိမိသည် အိမ်ထောင်ပြုရန် ငယ်လွန်းသေးကြောင်း၊ ထွက်ပေါ်နေသည့် သတင်းများမှာ ကောလဟာလ များသာဖြစ်ကြောင်း ဂျီးဆက်က ထုတ်ဖော် ငြင်းဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here