ကစားသမားခေါ်ယူမှုအတွက် လီဗာပူး အသင်းအား ဖာနန်ဒိုတောရက်စ် အကြံပြု

alt

လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်က အသင်းအနေ နှင့် ဗလန်စီယာမှ ဒေးဗစ် ဆေးဗားနှင့် ဒေးဗစ် ဗီလာတို့ နှစ်ဦးအနက် တစ်ဦး ဦးကို အရ ခေါ်သင့်ကြောင်း တိုက်တွန်း လိုက်သည်။

၎င်းတို့ (၃)ဦးလုံးသည် စပိန် လက်ရွေးစင် အသင်း၏ တိုက်စစ်တွင် ပူးတွဲ ခြေစွမ်း ပြနေသည့် ကမ္ဘာ့အဆင့် တိုက်စစ် သမားများ ဖြစ်ကြသည်။

တောရက်စ်က လီဗာပူး နည်းပြ ရာဖေး ဘင်နီတက်စ် အား အသက်(၂၈)နှစ် အရွယ် ဗီလာနှင့် အသက်(၂၃)နှစ် အရွယ် ဆေးဗားတို့ အနက် တစ်ဦးအား အန်းဖီးကွင်းသို့ ရအောင် ခေါ်ယူပေးရန် တောင်းဆို ထားသည်။ ဘင်နီတက်စ်သည် တိုက်စစ်မှူးတဦးကို ရှာဖွေ နေသော်လည်း တန်ကြေးမြင့်မည့် ကစားသမားမျိုးကို ခေါ်ယူနိုင်ဖွယ် မရှိပေ။

၎င်းသည် ဟော်လန် လက်ရွေးစင် ရိုင်ယန်ဘာဘယ် အား ရောင်းချရန် ကြိုးပမ်းမှု မအောင်မြင် ခဲ့သည့်နောက် ဆန်းဒါးလန်းမှ ထရီနီဒက်တိုဘာဂို လက်ရွေးစင် ကင်ဝိန်းဂျံုးကို အငှား ခေါ်နိုင်ရေး ကြံစည်နေသည်။ သို့သော်လည်း ဆန်းဒါးလန်း ကမူ ပေါင် (၁၂) သန်းဖြင့် ရောင်းချရန်သာ အလိုရှိကြောင်း အကြောင်းပြန် ထားသည်။

တောရက်စ် ကိုယ်တိုင်ကမူ တိုက်စစ်တွင် တွဲကစားမည့်သူသည် စပိန် လက်ရွေးစင် အသင်းဖော် တစ်ဦး ဖြစ်လာရန်သာ အလိုရှိနေကြောင်း သိရသည်။ တောရက်စ်က မိမိ အနေနှင့် ဆေးဗားဖြစ်စေ၊ ဗီလာဖြစ်စေ မည်သူနှင့် မဆို တွဲကစားရန် အဆင်ပြေကြောင်း၊ ၎င်းတို့ အနက် တဦးဦးသာ လီဗာပူးသို့ ရောက်လာပါက အသင်း၏ တိုက်စစ်မှာ အလွန် ထက်မြက်လာနိုင်ကြောင်း The Sun သတင်းစာသို့ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here