မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆက်လက် ဆိုးဝါး နေဆဲ

alt

ဇန်နဝါရီလ ၂၀ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့် အရေး စောင့်ကြည့် လေ့လာ ရေးအဖွဲ့ (Human Rights Watch) ရဲ့ ၂၀၁၀ နိုင်ငံတကာ လူ့အခွင့် အရေး

အစီရင် ခံစာထဲမှာ ၂၀၀၉ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး အခြေအနေ ဆက်လက် ဆိုးဝါး နေခဲ့တယ်လို့ ဖေါ်ပြထား ကြောင်း သိရှိရသည်။

လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ စုဝေး ခွင့်၊ ဖွဲ့စည်းခွင့် အပါအဝင် နိုင်ငံသားတို့ရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မရအောင် မြန်မာ စစ်အစိုးရ က စနစ်တကျ စီမံ လုပ်ဆောင် ထားတယ်လို့ ပါရှိသည်။

နိုင်ငံရေး အကျဉ်းသား ၂,၁၀၀ ကျော် ဖမ်းဆီး ချုပ်နှောင်ခံနေရပြီး၊ အတင်းအဓမ္မ အလုပ်ကြမ်း ခိုင်းစေမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှု၊ တရားဥပဒေမဲ့ သတ်ဖြတ်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သာမန် အရပ်သားတွေနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ စဉ်ဆက်မပြတ် ကျူးလွန်နေဆဲ ဖြစ်ကာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ၁၈ လ ဆက်လက် ချမှတ် ခဲ့တာဟာ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ အမှန်တကယ် ပါဝင်ခွင့် မပေးချင်လို့ လုပ်ဆောင်ထားတာသာ ဖြစ်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch) ဟာ အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေး တွေကို စောင့်ကြည့် လေ့လာပြီး နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန် သုံးသပ်တဲ့ အဖွဲ့ကြီး ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပ ပေးမယ်လို့ ကြေညာထားတဲ့ ၂၀၁၀ မတိုင်ခင် ၂၀၀၉ ခုနှစ်အတွင်းမှာ လူ့အခွင့်အရေး အခြေအနေ ဆက်လက် ဆိုးဝါး နေခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here