ငလျင်ဒဏ်ခ ံဟေတီမှ မိဘမဲ့ ကလေးများ လူကုန်ကူးမှု အန္တရာယ် စိုးရိမ်ရ

alt

အရှုပ်အထွေး များကြားတွင် မိဘ မဲ့ဖြစ် နေသော ဟေတီ ကလေးငယ် (၁) သန်းကျော် တို့မှာ လူကုန်ကူးမှု အန္တရာယ်နှင့် ကြံုလာ ရမည်ကို စိုးရိမ်ကြောင်း ကုလ သမဂ္ဂက ဝန်ခံ ပြောကြား လိုက်သည်။

အမေရိကန် ပြည်ထောင်စုသည် ငလျင်အတွင်း မိဘမဲ့ ဖြစ်သွားသည့် ကလေးများ အပါအဝင် ဟေတီမိဘမဲ့ ကလေးငယ် များအား နိုင်ငံ အတွင်းသို့ ခေါ်ယူခိုလှုံခွင့် ပြုခဲ့ရာ ပထမ အသုတ်မှာ ဇန်နဝါရီလ (၁၉) ရက်နေ့တွင် အမေရိကန် သို့ ရောက်ရှိ ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် နိုင်ငံတကာ အဖွဲ့အစည်း များက ကျွန်း နိုင်ငံလေးပေါ်ရှိ ကလေးငယ် (၁)သန်းခန့်သည် မိဘတဦး ဖြစ်စေ၊ နှစ်ဦးလုံး ဖြစ်စေ မရှိတော့သော အခြေအနေမျိုး ကြံုနေ ရသည့်အတွက် တရားမဝင် လူကုန်ကူးသူများ၏ ပစ်မှတ် ဖြစ်လာမည်ကို စိုးရိမ် နေကြသည်။

ကုလသမဂ္ဂ စစ်တမ်းများ အရ ဟေတီရှိ ကလေးဦးရေ (၃၈၀၀၀၀)ကျော်သည် ငလျင်ကြီး မဖြစ်မီကတည်းက မိဘမစုံလင်သည့် အခြေအနေကို ကြံုနေရရကြောင်း သိရှိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုင်ငံသို့ ရောက်ရှိနေသည့် ကလေးငယ် (၉၀၀)အတွက် မွေးစားရန် လျှောက်ထားသူများအား စာရွက်စာတမ်း အားလုံး အလျင်အမြန် ပြီးပြတ်အောင် ကူညီပေးရန် လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်များအား တိုက်တွန်းထားသည်။

ယခုစီမံကိန်းသည် ကလေးငယ်များ လူကုန်ကူး ခံရမည့် အခြေအနေကို တားဆီးနိုင်ရန် ဟေတီနှင့် အမေရိကန် အစိုးရများ ပူးပေါင်းကာ ဟေတီမိဘမဲ့ ကလေးများအား အမေရိကန် နိုင်ငံသားများက မွေးစားခွင့်ရရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ (၁၂)ရက်နေ့က ဟေတီတွင် လှုပ်ခတ်သွားသော ပြင်းအားအဆင့် (၇.၀)ရှိ ငလျင်ကြီးကြောင့် သေဆုံးသူ အရေအတွက်ကို (၂)သိန်းအထိ ခန့်မှန်းထားကြပြီး လူပေါင်း(၁.၅)သန်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။ ထို့အပြင် နိုင်ငံအတွင်း လုယက်မှု၊ ဆူပူသောင်းကျန်းမှုများ ပေါ်ပေါက်နေသဖြင့် ရဲများက သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ ခြိမ်းခြောက်တားဆီးမှုများ ပြုလုပ်နေရကြောင်း မျက်မြင်များက ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here