Spiderman ဇာတ်ကားတွင် ပါဝင်လိုသည့် အမေရိကန် လူငယ်အဆိုတော်

alt

အမေရိကန် လူငယ် အဆိုတော်လေး ဇက် အက်ဖရွန် က ၎င်းသည် Spiderman 4 ဇာတ်ကားတွင် ပါဝင်ခွင့် ရရန် စိတ်ဝင်စား နေကြောင်း ထုတ်ဖော် ဝန်ခံ လိုက်သည်။

နာမည်ကျော် သိပ္ပံ လူစွမ်းကောင်း ဇာတ်ကား သစ်တွင် Spiderman တဖြစ်လဲ ပီတာ ပါကား ၏ ငယ်ဘဝကို ဖော်ကျူး ရိုက်ကူးရန် စီစဉ်ထားကြောင်း ကိုလံဘီယာ စတူဒီယိုက ကြေညာခဲ့ ပြီးနောက် ယခင် ဇာတ်ကားများမှ ဒါရိုက်တာ ဆမ်ရိုင်မီနှင့် မင်းသား တိုဘီ မက်ဂွိုင်းယား တို့ မပါတော့ကြောင်း အတည်ပြု ခဲ့သည်။

ထွက်ရှိပြီး Spiderman ဇာတ်ကား (၃)ခုတွင် ဇာတ်ဆောင် ပါကား ၏ တက္ကသိုလ် ကျောင်းသား ဘဝမှ စတင်ခဲ့သော်လည်း ယခု ဇာတ်ကားမှာမူ ထိုထက်စောသည့် အချိန်သို့ နောက်ကြောင်း ပြန်ကာ ဇာတ်လမ်းဆင် ထားသည်။

ဇက်သည် မက်ဂွိုင်းယား ဇာတ်ဆောင် အဖြစ်မှ နှုတ်ထွက် သွားပြီးနောက် Spiderman အဖြစ် ရွေးချယ်ခံရရန် ရေပန်းစားနေပြီး ၎င်းကလည်း ထို အခြေအနေကို သဘောကျနေသည်။ မိမိသည် Spiderman ၏ ပရိသတ် ဖြစ်ကြောင်း၊ အကယ်၍သာ အပြာနှင့်အနီကြား လူစွမ်းကောင်း ဝတ်စုံကို ဆင်မြန်းခွင့် ရမည်ဆိုပါက မိမိ ဘဝအတွက် အိပ်မက်များ အမှန်တကယ် ဖြစ်လာခြင်းဟု သတ်မှတ်နိုင်ကြောင်း ဇက်က ပြောဆိုသွားသည်။

သတင်းများအရ ဇက်နှင့်အပြိုင် ရေပန်းစားနေသူ တဦးမှာ Twilight ဇာတ်ကားများဖြင့် ထိပ်ဆုံး ရောက်လာ သော ဗြိတိသျှမင်းသား ရောဘတ်ပက်တင်ဆန် ဖြစ်ကြောင်း သိရှိရသည်။ Spiderman 4 ကို ယခုနှစ် အတွင်း ရိုက်ကူးသွားဖွယ် ရှိကြောင်းလည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here