ဥပဒေမဲ့ ဖြစ်နေသည့် ဟေတီနိုင်ငံသို့ စစ်တပ်များ အင်အားဖြည့်ရန် ကုလသမဂ္ဂ ဆုံးဖြတ်

alt

တရားဥပဒေမဲ့ ရမ်းကားနေသော လက်နက်ကိုင် တပ်ဖွဲ့များ၊ လုယက်သူများကြောင့် မင်းမဲ့စရိုက် ဖုံးလွှမ်းနေသည့် ဟေတီနိုင်ငံ၊ ပို့ဩပရင့် မြို့တော်ရှိ ထောက်ပံ့ရေး ယာဉ်တန်းများကို ကာကွယ်ရန် နောက်ထပ်

စစ်တပ်များ အင်အားဖြည့် ပို့လွှတ်ရေး ကုလသမဂ္ဂက သဘောတူညီ လိုက်သည်။ ဇန်နဝါရီလ (၁၉)ရက်နေ့ အရေးပေါ် အစည်းအဝေး ပြုလုပ်ပြီးနောက် ငလျင်ဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရသည့် နိုင်ငံသို့ စစ်သား(၂၀၀၀) နှင့် ရဲ(၁၅၀၀)ကို ပို့လွှတ်ပေးသွားရန် ကုလသမဂ္ဂက ဆုံးဖြတ်လိုက်သည်။

ဟေတီတွင် ပြည်တွင်းစစ် ကာလအတွင်းက အစိုးရနှင့် တိုက်ခိုက်ခဲ့ပြီး နောက် တိမ်းရှောင်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ (၅၀၀၀)ခန့် ဝင်ရောက်နေရာ လက်ရှိ တပ်ဖြန့်ထားသည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် (၇၀၀၀)နှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ဝင် (၂၁၀၀) တို့ထက် ပိုမိုအင်အား တောင့်တင်းသော လက်နက်ကိုင် အဖွဲ့အစည်းများ လိုအပ်နေပြီ ဖြစ်သည်။

အထူးသဖြင့် ရိက္ခာ ဝေငှသူများနှင့် ထောက်ပံ့ရေး ပစ္စည်းတင် ယာဉ်တန်းများအတွက် လက်နက်ကိုင် လုံခြံုရေး အစောင့်အရှောက်များ ပိုမိုလိုအပ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဌာန အကြီးအကဲ အလိန်းလီရွိုင်း က ဆိုသည်။ ၎င်းက ကုလသမဂ္ဂ စားနပ် ရိက္ခာဌာနမှ ထောက်ပံ့ထားသော အစားအသောက် တန်ချိန် (၆၀၀၀၀)ကို သတ်မှတ်နေရာ အခု(၂၀၀)သို့ အလျင်အမြန် ပေးပို့နိုင်ရန် ယခုထက် ပမာဏများသော လက်နက်ကိုင်တပ်များ လိုအပ်ကောင်း ဝန်ခံခဲ့သည်။

ဟေတီ၏ အိမ်နီးချင်း ဒိုမီနီကန် နိုင်ငံကလည်း မြို့စောင့်တပ်ဖွဲ့ဝင် (၈၀၀)ကို ပေးပို့သွားရန် အသင့်ရှိနေကြောင်း ကမ်းလှမ်းထားပြီး ၎င်းတို့သည် ယခုအခါ နှစ်နိုင်ငံ နယ်စပ် တလျှောက်တွင် တပ်စွဲပြီး အသင့်ရှိနေသည်။ ဟေတီ အစိုးရသည် ဗဟိုထောင်ကြီး ပြိုကျ သွားပြီးနောက် လွတ်မြောက်သွားသည့် အကျဉ်းသား (၄၀၀၀)ကြောင့် အခြေအနေ ပိုမိုဆိုးရွား လာမည်ကိုလည်း စိုးရိမ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here