နစ္စတာရွိုင်းအား တော့တင်ဟမ် ဟော့စပါးမှ ခေါ်ယူနိုင်ရန် နီးစပ်

alt

တော့တင်ဟမ် ဟော့စပါးအသင်း သည် ရီးရဲလ် မက်ဒရစ် တိုက်စစ်မှူး ရုဗင်နစ္စတာရွိုင်း အား အငှား ခေါ်ယူရန် အနီးစပ်ဆုံး အခြေအနေ သို့ ရောက်ရှိနေပြီဟု သိရှိ ရသည်။

တော့တင်ဟမ်နည်းပြ ဟယ်ရီရက်နပ်သည် အသက် (၃၃)နှစ်အရွယ် ဟော်လန်လက်ရွေးစင် တိုက်စစ် မှူးဟောင်း အား ခေါ်ယူနိုင်ရေး အတွက် ကစားသမား၏ အေးဂျင့်နှင့် တရား ဝင် ညှိနှိုင်းခဲ့ကြသည်။

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်အတူ ပွဲ(၁၅၀) တွင် (၉၅)ဂိုး အထိ သွင်းပေးခဲ့သည့် တိုက်စစ်မှူးအား လီဗာပူးကလည်း စိတ်ဝင်စား နေသည့်တိုင် ရက်နပ်က လက်ဦးမှုယူကာ ခေါ်ယူ နိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

တော့တင်ဟမ်သည် လာမည့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး မျှော်မှန်းလျက်ရှိရာ နစ္စတာရွိုင်း၏ အတွေ့ အကြံုများက အသင်းအပေါ် အထောက်အကူ ဖြစ်လာမည်ဟု ရက်နပ်က မျှော်လင့်လျက် ရှိသည်။ ရက်နပ်သည် ဇန်နဝါရီလ (၁၈)ရက်နေ့ ညက နစ္စတာရွိုင်း၏ အေးဂျင့် ရောဂျာလင်ဆီ နှင့် လန်ဒန်မြို့ စားသောက်ဆိုင် တခုတွင် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

လင်ဆီက တူရကီကလပ် ဂါလာတာ စာရေးထံမှ ကမ်းလှမ်းမှု ကိုလည်း ရရှိထားသည့်တိုင် နစ္စတာရွိုင်းသည် အင်္ဂလန် မြေ သို့သာ ပြန်လည် ခြေချဖွယ် ရှိကောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။

နစ္စတာရွိုင်းသာ တော့တင်ဟမ်သို့ ရောက်လာပါက ဂျာမိန်းဒီဖိုး၊ ပီတာခရော့၊ ရော်ဘီကိန်း တို့နှင့် တိုက်စစ်တွင် နေရာအပြိုင် လုရဖွယ်ရှိသည်။ တော့တင်ဟမ်သည် ခရစ်စတယ်ပဲလေ့ မှ အသက်(၁၉)နှစ် အရွယ် လူငယ် တိုက်စစ်မှူးလေး ဗစ်တာမော့ဆက် ကိုလည်း မန်ချက်စတာစီးတီး နှင့်အပြိုင် စိတ်ဝင်စားနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here