တံတားပေါ်မှ ခုန်ချ သတ်သေမည့်သူ အား Jump သီချင်း ဖွင့်ပြခဲ့သည့် DJ

alt

တံတား ပေါ်မှ ခုန်ချကာ သေကြောင်း ကြံရန် ကြိုးစား နေသည့် အမျိုးသမီး တဦးရှေ့တွင် Jump သီချင်းကို ဖွင့်ခဲ့သည့် DJ တဦးမှာ ယခုအခါ ဝေဖန်မှုများ ရင်ဆိုင် နေရသည်။

ဗြိတိသျှလူမျိုး ရေဒီယို အစီအစဉ် DJ တဦး ဖြစ်သည့် စတိဗ်ပန့် သည် ရဲများက အဝေးပြေး လမ်းမ၊ ခုံးကျော်တံတား တခုပေါ် မှ ခုန်ချရန် ကြံနေသည့် အမျိုးသမီး တဦးအား ဖျောင်ဖျ တားမြစ်နေသဖြင့် ယာဉ် ကြောများ ပိတ်ဆို့ နေမှုကြောင့် စိတ် မရှည်နိုင် ဖြစ်လာကာ ဗန်ဟယ်လန်၏ Jump သီချင်းအား ဖွင့်လိုက် ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပါတ်က အင်္ဂလန် အနောက်မြောက်ပိုင်း M60 တံတားအနီး အမြင့်ပေ (၃၀) မှ အသက်(၃၀) ဝန်းကျင် အမျိုးသမီး တဦးအား ရဲများက ညှိနှိုင်း ဖျောင်းဖြနေစဉ် စတိဗ်က (၁၉၈၄)ခုနှစ် Classic သီချင်းအား ဖွင့်လိုက်ခြင်း ဖြစ်သည်။

96.2 FM ရေဒီယိုတွင် အလုပ် လုပ်နေသည့် စတိဗ်၏ သီချင်းကို ကြားပြီးစက္ကန့်ပိုင်း အကြာတွင်ပင် အမျိုးသမီး မှာ ခုန်ချ လိုက်သော်လည်း ကံအားလျော်စွာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။ စိတ်ပညာ ဆရာဝန်များက စတိဗ် ၏ လုပ်ရပ်အား ဝေဖန် ရှုတ်ချလိုက်ပြီး ၎င်းဖွင့်သော သီချင်းက အမျိုးသမီး၏ ခုန်ချ ချင်စိတ်ကို တွန်းအား ပေးခဲ့ ကြောင်း စွပ်စွဲခဲ့သော်လည်း စတိဗ် ကမူ ၎င်းတွင် တာဝန် မရှိကြောင်း ငြင်းဆန်ထားသည်။

၎င်းက ယင်းအမျိုးသမီး လုပ်နေပုံကြောင့် ပတ်ဝန်းကျင်တွင် အရှုပ်အထွေးများ ဖြစ်နေပြီး ယာဉ်ကြောလည်း ပိတ် နေကြောင်း၊ ယခု သီချင်းအား ဖွင့်လိုက်ခြင်း အတွက် နောင်တ မရကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here