မလေးရှားတွင် အလုပ် လုပ်နေသည့် မြန်မာ လုံခြုံရေးဝန်ထမ်း လူသတ်မှုဖြင့် စွဲချက်တင်ခံရ

alt

မလေးရှားတွင် လုံခြံုရေး ဝန်ထမ်း အဖြစ် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသား တဦးအား လူသတ် မှုအတွက် စွဲချက် တင်လိုက်ပြီး နောက် ဖေဖော် ဝါရီလ (၂၃)ရက် နေ့တွင် စတင်လျှောက် လှဲရန်

တရားရုံးက ဆုံးဖြတ်လိုက်သည်။

မလေးရှားနိုင်ငံမှ တရားသူကြီး ဒါတက် မိုတာ ဒင်ဘာကီက အသက်(၄၁)နှစ် အရွယ် မြန်မာ နိုင်ငံသား မိုနာကီ မိုယူဆွတ်အား ၎င်းဇနီး၏ တိတ်တိတ်ပုန်း ချစ်သူ ပါကစ္စတန်လူမျိုး နော်ရှက် အား (၂၀၀၇)ခုနှစ် အတွင်းက သတ်ဖြတ်ခဲ့မှု အတွက် တရားစွဲဆိုမှုအား လက်ခံကြားနာ သွားမည် ဟု အတည်ပြုခဲ့သည်။

တရားသူကြီးက မိုနာကီ၏ သမီးဖြစ်သူသည် ထိုနေ့ညက ဖခင်ဖြစ်သူမှာ သံတုတ် တချောင်းကို ကိုင်ထားကြောင်း ဝန်ခံ လျှောက်ထားခဲ့သည်ဟု ပြောကြားသွားသည်။ သူမသည် ယခင်က ထိုကိစ္စအား ထွက်ဆိုခဲ့ခြင်း မရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် သူမ၏ဖခင်က ရန်ပြုမည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း မိုနာကီ၏ သမီးက ထွက်ဆိုထားကြောင်း တရားသူကြီး မိုတာဒင်က ဆိုသည်။

မိုနာကီ၏ ဇနီးသည် ကလည်း မိုနာကီသည် သူမအား ဖုန်းဆက်ပြီး သူ၏ချစ်သူကို သတ်ပစ်ပြီး အလောင်းကို အဝေးပြေး လမ်းမပေါ်တွင် ပစ်ထားခဲ့ကြောင်း ပြောကြား သွားသည်ဟု ရဲများထံ ထွက်ဆိုထားသည်။ (၂၀၀၇)ခုနှစ်၊ ဧပြီလအတွင်းက အသတ်ခံရသည့် နော်ရှက်၏ အလောင်းအား (၂၀၀၇)ခုနှစ်၊ မေလ(၂၂)ရက်နေ့က စက်ရုံတခု၏ ရေတိုင်ကီထဲတွင် ပြန်လည် တွေ့ရှိခဲ့ရသည်။

နော်ရှက်သည် အသက်(၃၀) ဝန်းကျင်ရှိပြီး လုံခြံုရေး ဝန်ထမ်းတဦးပင် ဖြစ်သည်။ ၎င်းသည် ခေါင်းတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက် ရန်ပြုခံရသော ဒဏ်ရာကြောင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း မှုခင်း ဆရာဝန်များက အတည်ပြုခဲ့သည်။ မိုနာကီ၏ ရှေ့နေဖြစ်သူ အာမက်နီဇမ် မိုဟာမက်က ၎င်း၏အမှုသည်မှာ လူသတ်မှုကို ကျူးလွန်သည်ဟု တိတိကျကျ လျှောက်ထားမည့် မျက်မြင်သက်သေ မရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အစိုးရ ရှေ့နေများသည် အမှုသည်၏ဇနီး ပြောသမျှကို အဓိကထား ယုံကြည်နေကြောင်းနှင့် သူမထံ ဖုန်းဆက်ခဲ့သည် မှာလည်း မိုနာကီ၏ မိုဘိုင်းဖုန်း ဖြစ်ကြောင်း တိတိကျကျ သက်သေ မပြနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here