မီလီဆိုင်းရပ်၏ စေ့စပ် သတင်းအား ကိုယ်ရေးအရာရှိ ငြင်းဆို

alt

မီလီဆိုင်းရပ် တယောက် စေ့စပ် လိုက်ပြီ ဆိုသော သတင်း များအား သူမ၏ ကိုယ်ရေး အရာရှိတဦး က ငြင်းဆို လိုက်သည်။ အသက် (၁၇)နှစ်ရှိ Hannah Montana စတား အဆိုတော် မင်းသမီးလေးသည်

လက်ရှိ တွဲနေ သည့်ချစ်သူ လီယမ်ဟမ်းဆွော့နှင့် စေ့စပ် လိုက်ပြီ ဖြစ်ကြောင်း ဖော်ပြချက်များမှာ ကောလဟာလ သာ ဖြစ်ကြောင်း မင်းသမီး၏ ကိုယ်ရေး အရာရှိ တဦးက ဆိုသည်။

Gossipcop.com က မီလီသည် ဟမ်းဆွော့ နှင့် လက်ထပ်ရန် ရည်ရွယ်ထားကြောင်း ပြောကြား ခဲ့သည် ဟူသော သတင်းကို ဖော်ပြ ခဲ့ပြီးနောက် သူမနှင့် ဂျော်ဂျီယာတွင် ပြီးခဲ့ သည့် နှစ်က The Last Song ဇာတ်ကားကို အတူ တွဲရိုက်ခဲ့သော ဟမ်းဆွော့ တို့ စေ့စပ် ပြီးပြီ ဆိုသော ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

သို့သော် သတင်းများအားလုံး မှားယွင်းကြောင်း၊ မီလီသည် လောလောဆယ်တွင် စေ့စပ်ရန်နှင့် လက်ထပ်ရန် စိတ်ကူးမရှိကြောင်း သူမ၏ ကိုယ်ရေးအရာရှိ တဦးက တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မီလီသည် Jonas Brothers အဖွဲ့မှ နစ်ဂျိုနက်နှင့်လည်း တွဲခဲ့ ဖူးသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here