တောင်ပံ တိုက်စစ်မှူး ရော်ဘင်ညိုအား မန်စီးတီး နည်းပြ သတိပေး စကားပြောကြား

alt

မန်ချက်စတာ စီးတီး နည်းပြ ရောဘတ် တို မန်စီနီက အသင်းမှ တောင်ပံတိုက်စစ်မှူး ဒီဆောဇာ ရော်ဘင်ညို အနေနှင့် အသင်း အပေါ် မလေးစားသည့် အပြုအမူမျိုး ပြသ ခဲ့ပါက ရောင်းချရန် လက်တွန့်

နေမည် မဟုတ်ကြောင်း သတိပေး ပြောကြား လိုက်သည်။

အီတလီလူမျိုး နည်းပြကြီးက အသက် (၂၅)နှစ်ရှိ ဘရာဇီး လက်ရွေးစင်သည် အသင်း၏ အဓိက ကစားသမား တဦး ဖြစ်နေသော်လည်း လေ့ကျင့်ခန်း ကောင်းစွာ မလုပ်ပါက ရောင်းထုတ်မည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ရော်ဘင်ညိုသည် စီးတီးသို့ အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးပမာဏ ပေါင်စတာလင် (၃၂.၅) သန်းဖြင့် ရောက်ရှိလာသူ ဖြစ်သည်။ စီးတီးအသင်း၏ မိုးပြာရောင် ဝတ်စုံကို ဆက်လက် ဆင်မြန်းခွင့် ရလိုပါက လေ့ကျင့်ရေး ကွင်းတွင် ပျင်းရိ ငြီးငွေ့သည့် ပုံစံမျိုး လုပ်နေ၍ မရ ကြောင်း မန်စီနီက ဆိုသည်။ နည်းပြကြီးသည် ပြီးခဲ့သည့် သီတင်းပါတ် အတွင်း စီးတီးက အဲဗာတန်အား ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါသ ပေါက်ကွဲလျက် ရှိသည်။

မိမိအနေနှင့် အသင်းအား တာဝန် ယူထားသည်မှာ ကာလ မကြာသေးကြောင်း၊ သို့သော်လည်း အသင်းအတွင်းရှိ စူပါစတား ဘောလုံးသမား အချို့၏ အသင်းအပေါ် အလေးအနက် မထားသည့် ပုံစံများကို သည်းခံနေမည် မဟုတ်ကြောင်း မန်စီနီက ဆိုသည်။

ရော်ဘင်ညိုသည် ကြီးကျယ် ခမ်းနားသော ခြေစွမ်းရှိသည့် ကစားသမားကောင်း တဦး ဖြစ်သော်လည်း ၎င်းအနေနှင့် အသင်း၏ စည်းကမ်းအတိုင်း လိုက်နာမှု မရှိလျှင် အသင်းအနေနှင့် ရောင်းချသွားရန် လက်နှေးနေမည် မဟုတ်ကြောင်း မန်စီနီက ထုတ်ဖော်ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here