ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် Avatar ဇာတ်ကား ထူးချွန်ဆုများ ဆွတ်ခူး

alt

ဇန်နဝါရီလ (၁၇)ရက် နေ့ညက အမေရိကန် နိုင်ငံ၊ ကယ်လီဖိုး နီးယား၊ ဘီဗါလီဟေးလ်ရှိ ဟေလ်တန် ဟိုတယ်ကြီး တွင် (၆၇) ကြိမ်မြောက် ရွှေကမ္ဘာလုံး

ရုပ်ရှင်ထူးချွန် ဆုများ ပေးအပ် ချီးမြှင့်ခဲ့ရာ နာမည်ကျော် Avatar ဇာတ်ကားက လူအများ ကြိုတင်ခန့်မှန်း ထားသကဲ့သို့ အကောင်းဆုံး ဇာတ်ကားဆုနှင့် အကောင်းဆုံး ဒါရိုက်တာ ဆုများ ရရှိသွားသည်။

ဒါရိုက်တာ ဂျိမ်းကင်မရွန်၏ လက်ရာ 3D ဇာတ်ကားသည် ကမ္ဘာ့ရုပ်ရှင် သမိုင်းတွင် ဒုတိယ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နေသလို ယခုအချိန်ထိ Box Office တွင် ထိပ်ဆုံးမှ မဆင်းရ သေးချေ။

Avatar ကဲ့သို့ပင် Crazy Heart ဇာတ်ကားနှင့် ကာတွန်းရုပ်ရှင် Up တို့ကလည်း ဆု(၂)ခုစီ ဆွတ်ခူးခဲ့သည်။ (၆၇)ကြိမ်မြောက် ရွှေကမ္ဘာလုံး ဆုရှင်များ စာရင်းမှာ အောက်တွင် ဖော်ပြ ထားသည့် အတိုင်းဖြစ်သည်။

  • Drama ဇာတ်ကားဆု … Avatar
  • မင်းသားဆု (Motion Picture) ဂျက်ဘရစ်ချ်(Crazy Heart)
  • မင်းသမီးဆု (Motion Picture) ဆန်ဒရာဘူးလော့ (The Blind Side)
  • ဇာတ်ကားဆု (Comedy, Musical) The Hangover
  • မင်းသားဆု (Comedy, Musical) ရောဘတ်ဒေါင်နီဂျူနီယာ (Sherlock Holmes)
  • မင်းသမီးဆု (Comedy, Musical) မယ်ရီလ်စထရိ (Julie & Julia)
  • ဇာတ်ပို့မင်းသားဆု (Motion Picture) ခရစ်စတိုဖာ ဝက်စ် (Inglourious Baterds)
  • ဇာတ်ပို့မင်းသမီးဆု (Motion Picture) မိုနစ် (Precious: Based on the Novel PUSH by Sapphire)
  • Animation ဇာတ်ကားဆု Up
  • နိုင်ငံခြားဘာသာစကားပြော ဇာတ်ကားဆု The White Ribbon (ဂျာမန်)
  • ဒါရိုက်တာဆု (Motion Picture) ဂျိမ်းကင်မရွန်း (Avatar)

LEAVE A REPLY

Please enter your comment!
Please enter your name here