ကစားသမားဟောင်း ဆိုးကင်းဘဲအား အာဆင်နယ်မှ ပြန်လည်ခေါ်ယူ စာချုပ်

alt

အာဆင်နယ် အသင်းသည် ၎င်းတို့၏ ကစားသမား ဟောင်းကြီး ဆိုးကင်းဘဲ အား ပြန်လည်ခေါ်ယူ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ အသက် (၃၅)နှစ် အရွယ်ရှိ အင်္ဂလန် လက်ရွေးစင်ဟောင်း ဗဟိုခံစစ်မှူး

ကြီးသည် တပါတ်လုပ်ခ ပေါင် (၂၀၀၀၀)ဖြင့် လာမည့်ရက် အနည်းငယ်အတွင်း အာဆင်နယ် အတွက် ဝင်ကစားရမည် ဖြစ်သည်။

၎င်းသည် လန်ဒန် အခြေစိုက် ကလပ်နှင့် ရာသီကုန် အထိ စာချုပ်ထားခြင်း ဖြစ်သည်။ ကင်းဘဲသည် အောက်တန်းကလပ် နော့သ်ကောင်တီ နှင့် စာချုပ် ဖြစ်ခဲ့ သေးသော်လည်း တပွဲသာ ကစားပြီး စာချုပ် ဖျက်သိမ်းခဲ့ဖူးသည်။ ကင်းဘဲသည် အာဆင်နယ် အရံအသင်းနှင့် ဝက်စ်ဟမ်း ယူနိုက်တက် အရံအသင်းတို့ ဇန်နဝါရီလ (၁၂)ရက် နေ့က ခြေစမ်းရာတွင် ပထမဆုံး အကြိမ်အဖြစ် ဝင်ကစားခဲ့ပြီး ပထမပိုင်း (၄၅)မိနစ် တခုလုံး ကစားသွားခဲ့သည်။

ထိုပွဲတွင် အာဆင်နယ်က (၄-၂)ဖြင့်နိုင်ပြီး ကင်းဘဲသည် ယခုအခါ အာဆင်နယ် နှင့်အတူ FA ရှုံးထွက်ဖလား စတုတ္ထအဆင့် အဖြစ် စတုတ်စီးတီး နှင့် ဇန်နဝါရီ (၂၄)ရက်နေ့ တွေ့ဆုံမည့် ပွဲတွင် ပါဝင်နိုင်ရန် မျှော်လင့်လျှက် ရှိသည်။ ကင်းဘဲက ၎င်းသည် နော့ကောင်တီကို စွန့်ခွာပြီးနောက် ဘောလုံးကွင်း မြက်ခင်းများအား အလွန် လွမ်းနေမိခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။

ကင်းဘဲ ပြန်လည် ရောက်ရှိ လာပြီးနောက် အာဆင်နယ်၏ အသက်(၂၄)နှစ် အရွယ် ဆွစ်ဇာလန် ခံစစ်မှူး ဖီလစ်ပီဆန်းဒရို့၏ အနာဂတ်မှာ မသေမချာ ဖြစ်လာရပြီး ဘေယန်မြူးနစ်၊ အဲဗာတန်၊ ဆန်းဒါးလန်း၊ ဘော်တန်၊ အက်သလက်တီကို မက်ဒရစ် နှင့် ဂီတာဖေး တို့က ခေါ်ယူရန် စိတ်ဝင်စား လာကြကြောင်း ထပ်မံ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here