ဒုတ်တပြက် ဓါးတပြက် မြန်မာကြေးစား ကလပ် ဘော်လုံးပွဲ

alt

မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံး ပွဲစဉ် အဖြစ် ယမန်နေ့ ဇန်နဝါရီ ၁၇ ရက်နေ့ က ယှဉ်ပြိုင် ကစားခဲ့သော ရန်ကုန် ယူနိုက်တက် အက်ဖ်စီ ကလပ် နှင့် – ရတနာပုံအက်ဖ်စီ ပွဲအပြီးတွင် သတင်း မီဒီယာ

များအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွား ခဲ့ခြင်း မရှိဟု သိရှိရသည်။

ယင်း ပွဲစဉ်သို့ ယင်းပွဲကို မြန်မာ ဒိုင်များဖြင့် မကြီးကြပ်စေဘဲ ထိုင်းနိုင်ငံမှ ဒိုင်များကို ခေါ်ယူ ကြီးကြပ် စေခဲ့သည်ခဲ့ကာ အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် ဖီဖာမှ ကိုယ်စားလှယ် များလည်း လာရောက် ကြည့်ရှုခဲ့ကြသည်။ ထို့ကြောင့် အဆိုပါ ဘော်လုံးပွဲတွင် ရန်ကုန် ယူနိုက်တက် အသင်းသည် ရတနာပုံ အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

အမှတ်ပေး စည်းမျဉ်းအရ ရတနာပုံ အသင်းသည် ချန်ပီယံ ဖြစ်ရန် ရာနှုန်းပြည့် သေချာနေသည့် အသင်း ဖြစ်ပြီး၊ ယင်းပွဲ အနိုင်/အရှုံးသည် အဓိကမကျ သော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်သည့် အသင်း နှစ်သင်း ဖြစ်ခြင်းကြောင့် ပွဲတွင်း အငြင်းပွားဖွယ် ကိစ္စများ ဖြစ်ပေါ်ခဲ့ရပြီး၊ နှစ်ဘက်အသင်း ပရိသတ်များ တဖက်နှင့် တဖက် အပြန်အလှန် ကြမ်းတမ်းစွာ ဆဲဆို လှောင်ပြောင်မှုများ ရှိခဲ့ပြီး ကွင်းတွင်းသို့လည်း ရေဘူး၊ ရေထုပ် စသည့် အရာဝတ္တု များဖြင့် ပစ်ပေါက် ခဲ့ကြသောကြောင့် ကွင်းလယ်ဒိုင် ဖြစ်သူက ပွဲရပ်နားရန် နှစ်ကြိမ် တိုင်တိုင် စဉ်းစားခဲ့သည်ဟု သိရှိရသည်။

ထိုပွဲစဉ်အား ရန်ကုန်အသင်းပိုင်ရှင် ဦးတေဇ (ထူးထရိတ်ဒင်း) နှင့် ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်း (လွယ်ဟိန်း ကုမ္မဏီ) တို့လည်းလာရောက် အားပေးခဲ့ကြသည်။ အထူးတန်း ပွဲကြည့်စင်၌လည်း ပရိသတ်များ အချင်းချင်း လည်းကောင်း၊ ပရိသတ် များနှင့် လုံခြံုရေးများနှင့် လည်းကောင်း ပြဿနာ ဖြစ်ပွားမှုများ ၊ ကွင်းအတွင်း နှစ်ဖက် ကစားသမားများ အပြန်အလှန် ကတောက်ကဆ ဖြစ်ခဲ့မှုများ ရှိခဲ့သည်ကို တွေ့ရသည်။

လူထုအသံ ပရိသတ် တဦးကမူ ထိုနေ့ပွဲစဉ် ဤသို့ ရုန်းရင်းဆန်ခတ် ဖြစ်ရခြင်းမှာ ရန်ကုန်အသင်း မန္တလေးသို့ သွားရောက်ကစားစဉ် ရထားဖြင့် ပြန်သော ရန်ကုန် ပရိသတ်အား ရထားတွဲအား ခဲဖြင့်ပေါက်ပြီး ပြင်းထန်စွာ တိုက်ခိုက် ထားမှုကြောင့်ဟု ဆိုသည်။ ထို့အပြင် မန္တလေးမှ လာရောက် အားပေးကြသည့် ရတနာပုံ ပရိသတ်များ၏ လုံခြံုရေး အတွက် ရဲတပ်သား ရာနှင့်ချီ၍ စောင့်ကြပ်ပေးကာ ဘူတာရုံအထိ ပို့ဆောင်ပေးသည်ဟု သိရှိရသည်။

အဆိုပါ ဖြစ်ရပ်များ အတွက် မီဒီယာများက မြန်မာ့ဘောလုံး အဖွဲ့ချုပ်နှင့် ကြေးစားကလပ် အသင်းများ၏ တုံ့ပြန် ရှင်းလင်းမှု များကို အလိုရှိခဲ့ကြ သော်လည်း ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာဒါရိုက်တာက အသင်းများ အနားယူရန် လိုအပ်နေသည်ဟု အကြောင်းပြ ငြင်းဆိုခဲ့ကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပေးရန် ငြင်းပယ်ခဲ့သည်။ ပရိသတ်များ ကွင်းပြင် ပြဿနာ ဖြစ်ပွားမှု ကြီးကြီးမားမား မရှိကြောင်းလည်း Soccer Myanmar ဝဘ်ဆိုဒ်၌ ဖေါ်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here