ခိုးယူ ခံခဲ့ရသည့် အီတလီ ရှေးဟောင်း ပစ္စည်းများ ပြန်လည်သိမ်းဆည်း ရမိ

alt

ရုပ်တုများ၊ ရေတကောင်းများ အပါ အဝင် ခိုးယူခံရသည့် ရှေးဟောင်း အမွေအနှစ် ပစ္စည်း များစွာကို ယမန်နှစ် အတွင်းက ပြန်လည် သိမ်းဆည်း နိုင်ခဲ့ကြောင်း အီတလီ ရဲတပ်ဖွဲ့ ကဆိုသည်။

အချို့မှာ နှစ်ပေါင်း (၂၀၀၀)ကျော် သက်တမ်း ရှိနေပြီး (၂၀၀၉) ခုနှစ်အတွင်း ပြန်လည် သိမ်းဆည်း မိသည့် ပစ္စည်းအားလုံး၏ ကာလ တန်ဖိုးမှာ ယူရိုသန်း(၁၆၀) ဖိုးမျှရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ရဲများသည် အချို့ကို ဖမ်းမိခဲ့ပြီး အချို့ကိုမူ ဖော်ထုတ်တွေ့ရှိ နိုင်ခဲ့ခြင်းဖြစ်သည်။ အီတလီတွင် ရှေးဟောင်း လက်ရာများ မကြာခဏ ရှာဖွေ တွေ့ရှိရလေ့ရှိပြီး (၂၀၀၉)ခုနှစ်က ပြန်လည် ရရှိခဲ့သည့် တန်ဖိုးသည် (၂၀၀၈)ခုနှစ်က ပြန်လည် သိမ်းဆည်း နိုင်ခဲ့သည့် ယူရို(၁၈၃) သန်းဖိုးနှင့် နှိုင်းယှဉ်ပါက နည်းပါးသေးသည်။

ရဲများ၏ အဆိုအရ (၂၀၀၉)ခုနှစ်တွင် ရှာဖွေ တွေ့ရှိခဲ့သည့် ပစ္စည်း အရေအတွက်မှာ (၅၈)ခုသာ ရှိပြီး (၂၀၀၈) ခုနှစ်ကမူ (၂၃၈)ခုထိ ရှိခဲ့ကြောင်း သိရသည်။ ကာရာဘင်နီရီ အနုပညာရင်ပြင်မှ အကြီးအကဲ ဂျီအိုဗင်နီနစ်စထရီ က ပျောက်ဆုံး ပစ္စည်းများတွင် မော်ဒန်အတ် အနုပညာ လက်ရာများလည်း ပါဝင်ကြောင်း၊ ယင်းတို့သည် ယခုခေတ်တွင် အတုပြုလုပ်ရ လွယ်ကူသည့် အတွက် လိုက်လံ ဖမ်းဆီးရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်။

အီတလီနိုင်ငံတွင် ဘီစီ(၅၈၀) လက်ရာများ အပါအဝင် ရှေးဟောင်း  အိုးခြမ်းကွဲများ၊ လူသုံးပစ္စည်း အကျိုးအပဲ့များ၊ ရုပ်တု အစိတ်အပိုင်းများ အပါအဝင် သေးငယ်သော ရှေးဟောင်းလက်ရာ အပျက်အစီး ပေါင်း (၆၀၀၀၀) ကျော် အထိ (၂၀၀၉) ခုနှစ်အတွင်း တူးဖော် တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here