ရုပ်ရှင်ဆု များအား မျက်စ ပစ်နေသည့် Avatar ဇါတ်ကားဝင်ငွေ ၁.၆ ဘီလျံ ဒေါ်လာ ရရှိနေ

alt

ယခုနှစ် အကောင်းဆုံး ရုပ်ရှင် ဇါတ်ကားများတွင် ချွင်းချက်မရှိ ထိပ်ဆုံးမှ ပြေးနေသော Avatar သုံးဖက်မြင်ရုပ်ကြွ ဇါတ်ကားမှာ တကမ္ဘာလုံးတွင် ရုပ်ရှင် ပြသငွေ ၁.၆ဘီလျံ ရရှိသွားပြီဟု

ထုတ်လုပ်သူ 20th Century Fox မှ ပြောရေးဆိုခွင့် ရှိသူတဦးမှ ယနေ့ပြောကြား လိုက်သည်။

ဒါရိုက်တာတဦး ဂျိမ်း(စ်) ကင်မရွန်း ရိုက်ကူးခဲ့သည့် Animation ရုပ်ရှင် ဇာတ်ကား Avatar သည် ယခင် ကင်မရွန်း ရိုက်ကူးခဲ့သော တိုက်တင်းနစ် ဇါတ်ကား၏ ဝင်ငွေ ၁.၈ဘီလျံ မှီရန် အချိန်တိုအတွင်း ဇါတ်ကားဝင်ငွေများ တဟုန်ထိုး တိုးတက် ရရှိနေသည်။

Avatar သည် Titanic ၏ အောင်မြင်မှုကို ကျော်ဖြတ်သွားနိုင်ဖွယ် ရှိပြီး ရုပ်ရှင်လောကတွင် ဂုဏ်သရေရှိလှသော ရွှေကမ္ဘာလုံးဆု ဇကာတင် စာရင်းတွင် Avatar မှာ ထိပ်မှပြေးနေကာ သူ၏နောက်တွင် ဘရက်ပစ်၏ Inglourious Basterds ၊ ဂျော့ချ်ကလူးနေး၏ Up in the Air ၊ အီရတ်ရှိ အမေရိကန် မိုင်းစစ်သားများ အကြောင်း ရိုက်ကူးသော The Hurt Locker ၊ နှင့် Precious ဇါတ်ကားတို့ အစဉ်လိုက် ရှိနေကြသည်။

20th Century Fox မှ ဒု-ဥက္ကဋ္ဌ ဖြစ်သူ ခရစ်အာရွန်ဆန် ကမူ တိုက်တင်းနစ်ဟာ သင်္ဘော ဆိုယင် Avatar ဇါတ်ကားဟာ ဒုံးကျည် တစင်းလိုပါပဲဟု တင်စားပြောဆို လိုက်သည်။ ပြသချိန် ၃၂ရက်သာ ရှိသေးသော Avatar မှာ တိုက်တင်းနစ် ၃လကျော်ပြသ ရရှိခဲ့သည့် ဝင်ငွေစံချိန်အား ကျော်လွန်ရန် တာစူနေပြီး၊ မတ်လ ရရက်နေ့ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ၈၂ကြိမ်မြောက် အော်စကာ ဆုနှင်းသဘင် အတွက်လဲ ဆုစာရင်းများ ထိပ်တွင် အလားအလာ ကောင်းနေခဲ့ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here