ရုပ်မြင်သံကြားအချိန်ကြာကြာ ကြည့်သူများ နှလုံးကျန်းမာရေး ထိခိုက်နိုင်

alt

ရုပ်မြင်သံကြား ကြာမြင့်စွာ ကြည့်ရှု ခြင်းသည် နှလုံး၏ ကျန်းမာရေးကို ထိခိုက်စေနိုင် ကြောင်း ကျန်းမာရေး ပညာရှင်များက သတိပေး ပြော ကြားခဲ့သည်။ နေ့စဉ် (၄)နာရီ နှင့် အထက် ရုပ်မြင်သံကြား

ကြည့်ရှု သူများသည် သေဆုံးသည် အထိ ပြင်းထန်သော နှလုံးရောဂါ ဖြစ်လာနိုင်ခြေ မြင့်တက်လာကြောင်း ပညာရှင် များက ဆိုသည်။

သုတေသီများက ရုပ်မြင်သံကြား အချိန် ကြာကြာ ကြည့်ရှုခြင်းကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ သာမန်ထက် ရာခိုင်နှုန်းအတော်များများ မြင့်တက် လာတတ်ပြီး ကင်ဆာ ကဲ့သို့ ရောဂါများပါ ရရှိနိုင်ကြောင်း သတိပေး ခဲ့သည်။ ဩစတြေးလျရှိ ပညာရှင်များက တစ်နေ့(၂)နာရီ အောက်သာ ရုပ်မြင်သံကြား ကြည့်ရှုသူများနှင့် နှိုင်းယှဉ်ပါက (၄) နာရီအထက် အချိန် ပေးသူများတွင် ပြင်းထန်သော နှလုံးရောဂါ ရနိုင်ခြေ (၈၀) ရာခိုင်နှုန်းမျှ တိုးပွား လာတတ်ကြောင်း ရှာဖွေ တွေ့ရှိ ခဲ့သည်။

လူပေါင်း(၈၈၀၀)ကို (၆)နှစ်ကြာ သုတေသန ပြုပြီးနောက် အချိန်ကြာကြာ ရုပ်မြင်သံကြား ကြည့်ရှုမှုကြောင့် ရရှိလာသော ရောဂါများဖြင့် သေဆုံးနိုင်ခြေမှ (၁၁) ရာခိုင်နှုန်း ပိုများပြီး ကင်ဆာ ရောဂါ ရနိုင်ခြေ (၉) ရာခိုင်နှုန်း တိုးပွား လာကြောင်း ပညာရှင်များက ဆိုသည်။ ဩစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားရှိ IDIနှလုံးနှင့် ဆီးချိုဌာနမှ ပရော်ဖက်ဆာ ဒေးဗစ်ဒန်စတန်က အချိန်ကြာကြာ ရုပ်မြင်သံကြား ကြည့်ရှုသူများသည် လှုပ်ရှားမှုနည်းပြီး ကိုယ်အလေးချိန် တိုးလာရာမှ နှလုံးနှင့် ဆက်စပ်သော ရောဂါများ ဖြစ်ပွားခြင်းဟု ရှင်းပြခဲ့သည်။

လူများသည် လူမှုရေး၊ စီးပွားရေးစသည့် နယ်ပယ်အသီးသီးတွင် လှုပ်ရှားမှုများ ပြုလုပ်နေခြင်းအလိုက် ခန္ဓာကိုယ် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု အမျိုးမျိုး ရှိနိုင်ကြောင်း၊ နေ့စဉ်နေ့တိုင်း အချိန်ကြာမြင့်စွာ ရုပ်မြင်သံကြားရှေ့ ငြိမ်ငြိမ်လေး ထိုင်နေခြင်းမှာ ကျန်းမာရေး ရှုထောင့်အရ ကောင်းကျိုး မရှိနိုင်ကြောင်း ပရော်ဖက်ဆာ ဒန်စတန်က ပြောကြားသွားခဲ့သည်။

လုပ်ငန်းသဘောအရ ကာလကြာမြင့်စွာ ငြိမ်ငြိမ်လေး နေရသူများအနေနှင့်လည်း တတ်နိုင်သမျှ အတိုင်းအတာထိ ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ရန်လည်း ဒန်စတန်က တိုက်တွန်းသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here