Gmail စံနစ်တွင် https ကို Default အဖြစ် ထားရှိသွားမည်ဟု အတည်ပြု ကြေညာ

alt

Google က ၎င်းတို့၏ နာမည်ကျော် Gmail စံနစ်တွင် https encryption ကို Default အနေနှင့် သတ်မှတ် ပေးသွားမည် ဖြစ်ကြောင်း အတည်ပြု ကြေညာ လိုက်သည်။ လက်ရှိ အသုံးပြုနေသော http ထက်

https က gmail user နှင့် google ၏ mail server တို့ကြား ချိတ်ဆက်မှုကို ပိုမို လုံခြံု စေမည် ဖြစ်သည်။

Google က https encryption ကို Default ထားပေးခြင်းဖြင့် Hacker များ၏ ထိုးဖောက်မှုနှင့် ဆိုင်ဘာ ရာဇဝတ်မှုများကို ပိုမို ကာကွယ် နိုင်မည်ဟု ပြောကြားခဲ့သည်။ အများသုံး အင်တာနက် စင်တာများနှင့် Wi-Fi စံနစ် အသုံးပြု နိုင်သည့် hotspot များတွင် email များ ကျူးကျော် ဖတ်ရှုခံနေရသည့် အခြေအနေကို ကာကွယ်ရန် Google က ယခု ကိစ္စကို အကောင်အထည် ဖော်ခဲ့ ခြင်းဖြစ်သည်။

Googleက ယခုအစီအစဉ်သည် တရုတ်နိုင်ငံရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ gmail account များ Hack လုပ်ခံရခြင်းနှင့် မပတ်သက်ကြောင်း ကာကွယ် ပြောဆို ထားသည်။ Search Engine ဘီလူးကြီး Google က https encryption သည် email ဖွင့်ဖတ်ခြင်း၊ ပေးပို့ခြင်းများတွင် အတန်ငယ် မြန်နှုန်း ကျဆင်း သွားသော်လည်း လုံခြံုရေး အရ အကျိုး ကျေးဇူး ပိုမို ရရှိမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

gmail စံနစ်၏ အင်ဂျင်နီယာ တဦးဖြစ်သူ ဆမ်ရှီလေးက မိမိတို့သည် (၂၀၀၈) ခုနှစ်ကတည်းက user များအား https encryption ကို အသုံးပြုရန် တိုက်တွန်းခဲ့ကြောင်း Google blog တွင် ရေးသား ဖော်ပြခဲ့သည်။ ထိုစံနစ်သည် Wi-Fi စံနစ် အပါအဝင် ချိတ်ဆက်မှု အမျိုးမျိုးတွင် ကြားလူတဦးက ထိုးဖောက် Hack လုပ်ခြင်းမှ တားဆီးပေးနိုင်ကြောင်း ဆမ်က ရှင်းပြခဲ့သည်။

gmail အား စတင်သည့် (၂၀၀၄)ခုနှစ် ကတည်းက https ကို default အဖြစ် အသုံးပြုရန် Google က စီစဉ်ခဲ့သော်လည်း ထိုစဉ်က အင်တာနက် မြန်နှုန်းများ နှေးကွေးခြင်းကြောင့် ထိုအကြံအစည်ကို ပယ်ဖျက် ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here