ဩစတြေးလျ ကမ်းခြေတွေင် ရေနစ်သူတဦးအား ၈နှစ် သားကလေး က ကယ်တင်လိုက်နိုင်

alt

ဩစတြေးလျ ကမ်းခြေရှိ ရေနစ် နေသူ တဦးအား (၈) နှစ်သား လူစွမ်းကောင်းလေး များက ကယ်တင် လိုက်ကြောင်း သိရသည်။ ယင်း ကလေးငယ်သည် ကမ်းခြေ စောင့် ဝန်ထမ်း

  တပ်ဖွဲ့၏ လူငယ် လေ့ကျင့်ရေး အစီအစဉ်တွင် ပါ၀င် နေသူလည်း ဖြစ်သည်။

ဩစတြေးလျ အရှေ့ဖက် ကမ်းလွန်တွင် ဇန်နဝါရီလ (၁၀) ရက်နေ့က သက်လတ်ပိုင်း လူတစ်ဦး ရေနစ်နေသည်ကို  (၈) နှစ်သား လေးများ ဖြစ်သည့် ဂျက်ဆက်သာလီနှင့် စပင်ဆာဂျိမ်းတို့ သူငယ်ချင်း နှစ်ဦးက တွေ့မြင် ခဲ့သည်။ ဩစတြေးလျ အသံလွှင့်ဌာနနှင့် အင်တာဗျူးတွင် ဂျက်က ထိုသူသည် ကွင်းစလန်တွင် ရေကူးရင်း နစ်နေခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။ ဂျက်နှင့် စပင်ဆာတို့သည် အသက် (၁၄) နှစ်အောက် ကမ်းခြေစောင့်ဝန်ထမ်း လေ့ကျင့်ရေး အစီအစဉ်တွင် သင်တန်း တက်ထားသူများ ဖြစ်သည်။

နော့ကလစ် လေ့ကျင့်ရေးကလပ်မှ ကလေးငယ်နှစ်ဦးသည် ထိုသူအား ရေကူးကာ သွားရောက် ကယ်ဆယ်ခဲ့ကြသည်။ နော့ကလစ်မှ ဥက္ကဌဖြစ်သူ ဒေးဗစ်ရှီးက မိမိသည် ထိုကဲ့သို့ ရဲရင့်သည့် ကလေးငယ်များကို မမြင်တွေ့ဖူးကြောင်း၊ ယင်းတို့ နှစ်ဦး၏ အံ့မခန်း လုပ်ရပ်အတွက် ဂုဏ်ယူမိကြောင်း ABC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကျွန်းနိုင်ငံဖြစ်သော ဩစတြေးလျတွင် နှစ်စဉ်အသက်(၅)နှစ်မှ (၁၃)နှစ်ကြား ကလေးငယ် (၅၀၀၀၀)စီသည် အငယ်တန်း ကမ်းခြေစောင့် အသက်ကယ် သင်တန်းသို့ တက်ရောက်လေ့ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here