၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲအား မြန်မာနိုင်ငံ၊ နေပြည်တော်တွင် လက်ခံကျင်းပမည်

alt

၂၀၁၃ ဒီဇင်ဘာလတွင် ကျင်းပ သွားမည် ဖြစ်သည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (Sea Games) ပြိုင်ပွဲကြီးကို  နေပြည်တော် တွင် လက်ခံ ကျင်းပရန် အတည်ပြု

လိုက်ပြီဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အဆင့်မြင့် အရာရှိ ပုဂ္ဂိုလ်ကြီး တဦးက အတည်ပြု ပြောဆိုခဲ့သည်။

၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကို မူလက စင်ကာပူ နိုင်ငံတွင် လက်ခံ ကျင်းပရန် လျာထား သတ်မှတ် ခဲ့သော်လည်း၊ စင်ကာပူ နိုင်ငံက ၎င်းတို့၏ အားကစား ကွင်းနှင့် အခြေခံ အဆောက်အဦများ အဆင်သင့် မဖြစ်သေး သောကြောင့် အဆိုပါ အခွင့်အရေးကို လက်မခံခဲ့ဘဲ၊ ယင်းအခွင့်အရေး အတွက် မြန်မာ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံ များက ကမ်းလှမ်းဖွယ် ရှိနေသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သေးသည်။ သို့ရာတွင် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ အဆင့်မြင့် အရာရှိ၏ အဆိုအရ ၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲအား မြန်မာ နိုင်ငံတွင် လက်ခံ ကျင်းပရန် ဇန်နဝါရီ ၁၆ ရက်နေ့က အတည်ပြု လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၃ ဒီဇင်ဘာလ အတွင်းတွင် နေပြည်တော် တိုင်း၌ ကျင်းပသွားမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (Sea Games) ပြိုင်ပွဲကြီး အတွက် နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်းကြီး ဖြစ်သော လူ ၃၀၀၀၀ ဆန့် ဇဗ္ဗူသီရိ အားကစား ကွင်းကြီးကို စတင် တည်ဆောက် နေပြီ ဖြစ်ပြီး မကြာမီ ပုဗ္ဗသီရိ အားကစား ကွင်းကိုလည်း ဆက်လက် တည်ဆောက်သွားမည်ဟု Soccer Myanmar အားကစား ဝဘ်ဆိုဒ်တွင် ဖေါ်ပြပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here