ဗစ်တိုးရီးယားဘက်ခမ်း American Idol ဧည့်သည် ဒိုင်အဖြစ် ဆောင်ရွက်မှု မီဒီယာများ ဝေဖန်

alt

နာမည်ကျော် American Idol အစီအစဉ် တွင် ဧည့်သည် ဒိုင်အဖြစ် ပါ၀င် ဆောင်ရွက် ခဲ့သည့် ဗစ်တိုးရီးယား ဘက်ခမ်းမှာ ဝေဖန်မှု များ ရင်ဆိုင်နေရကြောင်း သိရသည်။

ဗြိတိန်နာမည်ကျော် Spice Girlsအဖွဲ့မှ အဆိုတော်ဟောင်းသည် ဇန်နဝါရီလ (၁၂)ရက် နေ့က Idol တွင် ပထမဆုံး ပါ၀င်ခဲ့သည်။

သူမသည် အဆိုတော် ပေါ်လာအဗ္ဗဒူ နေရာတွင် အစားဝင်ခဲ့ခြင်း ဖြစ်သော်လည်း အမေရိကန် မီဒီယာများက အသက်(၃၅)နှစ် အရွယ် အဆိုတော် နှင့် ဖက်ရှင် ဒီဇိုင်နာအား တိုက်ခိုက် ရေးသား ခဲ့ကြသည်။

Los Angeles Times သတင်းစာက ဗစ်တိုးရီးယားသည် ထိုညအတွက် ၀မ်းနည်းစရာ ကျဆုံးမှုအဖြစ် ဖော်ပြခဲ့သည်။ New York’s The Village Voice ကမူ ဗစ်တိုးရီးယား သည် အစီအစဉ်နှင့် သင့်လျော်သော ဝေဖန် မှတ်ချက်ပြုမှုမျိုး ပေးနိုင်လောက်သည့် အရည်အသွေး မရှိကြောင်း တိုက်ခိုက် ရေးသားခဲ့သည်။

အခြားသော မီဒီယာများကလည်း ဗစ်တိုးရီးယားအား တိုက်ခိုက် ရေးသားနေကြသည့်တိုင် Billboard ၏ မော်နီကာ ဟာရာရာ ကမူ သူမသည် idol အတွက် ဗစ်တိုးရီးယားမှာ နှစ်လိုဖွယ် ပေါက်ကွဲမှု အသစ်တစ်ခုဟု ထင်ကြောင်း ချီးကျူးခဲ့သည်။ Fox News သတင်းဌာန ကလည်း ဒိုင်အသစ်သည် ပိန်ညှောင်ညှောင် လက်မောင်းများမှ လွဲလျင် အစီအစဉ်တလျှောက် အဆင်ပြေပြေ လုပ်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

Village Voice မှာ အယ်ဒီတာ ရှရင်ဂျက်ဆင် ကမူ ဗစ်တိုးရီးယား လုပ်နေသမျှသည် အရူးထ နေသကဲ့သို့ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ပုတ်ခတ်ခဲ့သည်။ အမေရိကန် TV Blog Times ကလည်း ဗစ်တိုးရီးယားသည် သတင်းစာ မဂ္ဂဇင်းများတွင် ကျော်ကြားသူ တဦးဖြစ်သည် မှန်သော်လည်း idol နှင့်မူ ထိုက်တန်ခြင်း မရှိကြောင်း ဝေဖန် ရေးသားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here