ဒေးဗစ်ဘက်ခမ်း ကဲ့သို့ အောင်မြင်မှု တူညီလာနေသည့် စီရော်နာဒို

alt

ဒေးဗစ်ဘက်ခမ်း ထံမှ ကျောနံပါတ် (၇) ကို ဆက်ခံကာ မန်ချက်စတာ ယူနိုက်တက် အတွက် ဘောလုံး လောကတွင် သမိုင်းသစ် ရေးထိုး ခဲ့ပြီး နောက်ဖက်ရှင် လောက ဖက်တွင်ပါ

ခရစ်စတီယာနို ရော်နာဒိုသည် ဘက်ခမ်းကို အမီလိုက် နေပြီ ဖြစ်သည်။

နာမည်ကျော် ဖက်ရှင် ကုမ္ပဏီကြီး Emporio Armani သည် ၎င်းတို့၏ အမျိုးသား အတွင်းခံ ဘောင်းဘီများ အတွက် ရော်နာဒို အား ကြော်ငြာ မော်ဒယ် အဖြစ် ရိုက်ကူးထားသော ဓာတ်ပုံများကို ပထမဆုံး အကြိမ် ထုတ်ဖော် ပြသလိုက်သည်။

Armani သည် ရော်နာဒို မတိုင်မီက ၎င်းတို့၏ မော်ဒယ်အဖြစ် အသက်(၃၄)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် ဘက်ခမ်းကို စာချုပ်ခဲ့ခြင်း ဖြစ်သည်။ ရီးရဲလ်မက်ဒရစ်တွင် ကစားနေသော ပေါ်တူဂီ တောင်ပံလူ ရော်နာဒိုသည် Armani၏ အဖြူအမည်း ဓာတ်ပုံ ရိုက်ချက်များတွင် ပျိုမေတို့ လှိုက်မောဖွယ် ကြွက်သား အဖုအထစ်များနှင့် ယောက်ျား ပီသသော ၎င်း၏ ခန္ဓာကိုယ်အလှကို ထုတ်ဖော် ပြသသွားခဲ့သည်။

အသက်(၂၄)နှစ်ရှိ ရော်နာဒိုသည် အားကစားသမား တဦး အဖြစ်သာမက Sexy ဆန်ဆန် ဆွဲဆောင်မှုရှိသော အမျိုးသား တဦးအဖြစ်ပါ ကြည့်ကောင်းလှကြောင်း Armani ကဆိုသည်။ ရော်နာဒိုသည် Armani ၏ အမျိုးသား ဂျင်းထည်များ အတွက်ပါ မော်ဒယ်အဖြစ် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ၎င်းသည် ဘက်ခမ်း ရီးရဲလ်သို့ ပြောင်းရွှေ့ သွားပြီးနောက် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းမှ ယူနိုက်တက်သို့ လူမသိ၊ သူမသိ ကစားသမားလေး အဖြစ် ပြောင်းရွှေ့ ရောက်ရှိလာခဲ့သည်။

ထိုစဉ်က ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်သည် ဘက်ခမ်း နေရာအတွက် ရော်နာဒိုအား အလောင်းအစား ဆန်ဆန် စွန့်စားခေါ်ယူခဲ့ခြင်းသာ ဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ရော်နာဒိုသည် ဘက်ခမ်းထက် ဘောလုံးတွင်ရော၊ ဖက်ရှင်တွင်ပါ သာလွန်သူ ဖြစ်လာခဲ့သည်။

Armani သည် ၎င်းတို့၏ အမျိုးသမီး မော်ဒယ်အဖြစ်လည်း နာမည်ကျော် Transformers မင်းသမီး မီဂန်ဖော့စ် ကို ငှားရမ်းထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here