Google နှင့် အငြင်းပွားမှုအပေါ် တရုတ်မှ တုန့်ပြန်ပြော

alt

မိမိတို့ စီမံဆောင်ရွက် နေသမျှသည် ဥပဒေနှင့် အညီ ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း တရုတ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျီအန်ယူက ပြောကြား လိုက်သည်။

ယင်းမှာ Google က ၎င်းတို့၏ တရုတ်နိုင်ငံ အတွင်း လုပ်ငန်းများအား ရပ်ဆိုင်းရန် စီစဉ် နေကြောင်း ခြိမ်းခြောက်မှုနှင့် စပ်လျဉ်း ပြီး အစိုးရက ပထမဆုံးအကြိမ် တုန့်ပြန် လိုက်ခြင်းဖြစ်သည်။

Google သည် တရုတ်နိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး လှုပ်ရှားသူများကို ဦးတည်နေသည့် ဆိုင်ဘာ တိုက်ခိုက်မှုများနှင့် အစိုးရ၏ ၀ဘ်ဆိုဒ်ဆင်ဆာ ပြုလုပ်မှုများ မြင့်တက် လာခြင်းကြောင်း ယခုလို ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။ ဂျီအန်က တရုတ် အစိုးရသည် ဥပဒေနှင့်အညီ လုပ်သင့်သည်ကို လုပ်နေခြင်းဖြစ်ပြီး အင်တာနက်ကို သင့်လျော်စွာ သုံးစွဲခြင်း အတွက် အစဉ် တံခါးဖွင့် ထားကြောင်း ပြောဆိုသွားသည်။

Google သည် ဇန်နဝါရီလ (၁၂)ရက်နေ့က မိမိတို့အနေနှင့် တရုတ်နိုင်ငံအတွက် Filter လုပ်ကာ လည်ပတ်နေသည့် google.cn အမည်ရှိ search engine ကို ဆက်လက်ကိုင်တွယ်ရန် ဆန္ဒမရှိတော့ဟု ပြောကြားခဲ့သည်။ Google သည် Filter မလုပ်သော Search Engine ကို ပြောင်းလဲသွားရန် ဥပဒေဆိုင်ရာ အချက်များအား အစိုးရနှင့် ညှိနှိုင်းသွားမည်ဟု ပြောကြားထားသည်။

ယခု သီတင်းပါတ် နိုင်ငံခြားရေး ၀န်ကြီးဌာန အပါတ်စဉ် ပြုလုပ်မြဲ သတင်းစာ ရှင်းလင်းပွဲတွင် ဂျီအန်က တရုတ်အစိုးရသည် အင်တာနက် ဖွံ့ဖြိုးမှုကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ အရာရာကို ဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြောကြားသွားသည်။ ထို့အပြင် မိမိတို့နိုင်ငံ ဥပဒေသည် Google က စိုးရိမ်သကဲ့သို့ Hacker များအတွက် အခွင့်အရေး မရနိုင်ကြောင်းလည်း သူမ ကဆိုသည်။

Google သည် google.cn ကို (၂၀၀၆) ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး နိုင်ငံရေးအပါအဝင် အချို့သော Search Result အချို့ကို Filter လုပ်ပေးခဲ့ရသည်။ ဥပမာအားဖြင့် (၁၉၈၉)ခုနှစ် တီယန်မင် ရင်ပြင် အရေးတော်ပုံ၊ တိဘက် လွတ်လပ်ရေးနှင့် ဖာလွန်ဂွန် စသည့် အကြောင်းအရာများကို ရှာဖွေပါက Search Result များကို ပိတ်ပင်ထားသည်။

Google သည် လက်ရှိတွင် တရုတ်နိုင်ငံ၏ Searching ဈေးကွက် (၃၅)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး တရုတ်အခြေစိုက် Searching လုပ်ငန်း Baidu ၏နောက်တွင် ရပ်တည်နေသည်။ Baidu သည် တရုတ်တနိုင်ငံလုံး အင်တာနက်မှ Searching ပြုလုပ်မှု စုစုပေါင်း (၆၀)ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here