ခန္ဓာကိုယ် အောက်ပိုင်း တင်ပါးကြီး၍ ပြည့်ဖြိုးသည့် အမျိုးသမီးများ ကျန်းမာရေး ပိုကောင်း

alt

တင်ပါးကြီးကြီးနှင့် ပြည့်ပြည့် ဖြိုးဖြိုး ရှိသော ဘီယွန်းဆေးနိုး၊ ဂျင်နီဖာ လိုပက်စ် တို့သည် အခြားသော ပြားကပ်ကပ် ပိန်လှီလှီ မော်ဒယ် များထက် ကျန်းမာရေး ပိုမို ကောင်းမွန်မည်

ဖြစ်ကြောင်း ပညာရှင်များက ပြောကြား လိုက်သည်။

သုတေသီများက အောက်ပိုင်း ထွားထွား ခန္ဓာကိုယ် အချိုးအစားသည် ကျန်းမာရေးနှင့် ညီညွတ် စေသည်ဟု ထုတ်ဖော်ပြောဆို ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များက ရင်နှင့်တင် တို့တွင် အဆီများများ သိုလှောင် ထားခြင်း သည် ဆီးချိုနှင့် နှလုံးရောဂါ တို့ကို ကာကွယ် နိုင်စွမ်းရှိကြောင်း ယုံကြည် နေကြသည်။

သုတေသီများက ထိုနေရာရှိ အဆီများသည် လူ၏ ကျန်းမာရေးကို အနှောင့်အယှက် ဖြစ်စေမည့် ဆိုးကျိုး ရှိသော ပရိုတိန်း ဓာတ်များကို ချေဖျက် ပေးနိုင်ကြောင်း ထောက်ခံ  ထားကြသည်။

အောက်စဖို့တ် တက္ကသိုလ်မှ ဒေါက်တာ ကွန်စတန်တီနို မိုနိုလိုပူးလော့က ရင်နှင့် တင်တွင်ရှိသော အဆီများသည် ၀မ်းဗိုက် အပါအဝင် ခန္ဓာကိုယ်ရှိ အခြား နေရာများတွင် စုစည်းနေသည့် အဆီများနှင့် မတူညီကြောင်း ရှင်းပြ ခဲ့သည်။ အလွယ် အားဖြင့် အဆီများကို အကောင်းနှင့် အဆိုး ဟူ၍ အုပ်စုနှစ်ခု ခွဲနိုင်မည် ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရှိ ကိုလက်စထရောတွင် အကောင်းနှင့် အဆိုး ရှိနေခြင်းနှင့် သဘောသဘာဝ ဆင်တူကြောင်း ဒေါက်တာမိုနိုပူးလော့က ဆိုသည်။

ထိုနေရာများတွင်ရှိသော အဆီများသည် လူကို ဆိုးကျိုးပေးသည့် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများမှ အဆီများနှင့် လုပ်ဆောင်ချက်ခြင်း ကွဲပြားခြားနားကြောင်း ၎င်းက ပြောကြား ခဲ့သည်။ ထို့ကြောင့် ဂျေလိုကဲ့သို့ အောက်ပိုင်းတောင့်တောင့် အမျိုးသမီးများသည် ပိန်လှီလှီနှင့် တင်သား မထွားသော အမျိုးသမီးများထက် ကျန်းမာရေး ပိုမို ကောင်းမွန်မည်ဟု ဒေါက်တာမိုနိုပူးလော့က ထောက်ခံခဲ့သည်။

လေ့လာမှုများအရ တင်နှင့်ရင်ရှိ အဆီစုသည် ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးနှင့်ဆိုင်သော ပြဿနာ များကို လျော့ကျစေကြောင်း International Obesity ဆေးပညာဂျာနယ်တွင် ဖော်ပြထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here