ပြည့်တန်ဆာလုပ်ငန်း အခွန် မဆောင်သဖြင့် ပိုလန်အမျိုးသမီး ဒဏ်ရိုက်ခံရ

alt

ပိုလန် နိုင်ငံမှ ပြည့်တန်ဆာ အမျိုးသမီး တဦးသည် သူမ၏ လုပ်ငန်းအတွက် အခွန် ဆောင်ရန် ပျက်ကွက်ခဲ့သောကြောင့် ပိုလန် နိုင်ငံသုံးငွေ (၂.၃)သန်း [ဒေါ်လာ (၈၂၀၀၀၀)] ဒဏ်ရိုက် ခံလို်က်ရ

ကြောင်း သိရှိရသည်။

သူမသည် အလုပ်အကိုင် မရှိသူ ဖြစ်ကြောင်း အကြောင်းကြား ထားသော်လည်း အခွန်စည်း ဝန်ထမ်းများက ယင်း အမျိုးသမီးမှာ ပြည့်တန်ဆာ လုပ်ငန်းမှ ပိုလန်သုံးငွေ ဇလိုတိီ (၁၃.၇)သန်း ရရှိ ထားကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

ပိုလန်တောင်ပိုင်း ကာတိုဝိုက်မြို့မှ အခွန်ရုံး တာဝန်ရှိသူ များက သူမတွင် အလွန် ရက်ရောသော ဖောက်သည်များ ရှိနေသည်ဟု ပိုလန် နေ့စဉ်သတင်းစာ Gazeta Wyborcza မှ ထူထောင်ထားသည့် gazeta.pl ဝဘ်ဆိုဒ်သို့ ပြောကြားခဲ့သည်။

အခွန်ရုံး မှတ်တမ်းများ အရ (၁၉၉၇) ခုနှစ်မှ (၂၀၀၂)ခုနှစ် အတွင်း သူမနှင့် တွေ့ဆုံခဲ့သည့် ဖောက်သည် တဦးထံမှ ဇလိုတီငွေ (၅)သန်း အထိ ရရှိခဲ့ကြောင်း သိရှိရသည်။ ယင်း ဝဘ်ဆိုဒ်တွင် အထက်ပါ အမျိုးသမီး၏ အမည် အပါအဝင် အခြားသီးသန့် အချက်အလက် များအား ဖော်ပြထားခြင်း အလျဉ်းမရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here