ရွေးကောက်ပွဲကို တရားမျှတမှု ရှိစေရန် မြန်မာ စစ်အစိုးရ အာမခံထားဟု အာဆီယံ အတွင်းရေးမှူး ပြောကြား

alt

ယခုနှစ် အတွင်း ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပသွားရန် နှင့် တရား မျှတမှု ရှိစေရန် မြန်မာ စစ်အစိုးရက အာမခံ ထားကြောင်း

အာဆီယံ အဖွဲ့ကြီး၏ အထွေထွေ အတွင်းရေးမှူး က ဇန်နဝါရီလ (၁၄)ရက် နေ့တွင် အတည်ပြု ပြောကြား သွားခဲ့သည်။

ဆူရင်ပစ်ဆူဝမ်က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဦးဉာဏ်ဝင်းက ဇန်နဝါရီ (၁၃)ရက် နေ့ညက ဗီယက်နမ်တွင် ပြုလုပ်သည့် အာဆီယံအဖွဲ့ ညစာစားပွဲ အတွင်း ယခုလို ကတိပြုခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ယခုနှစ်အတွင်း သေချာပေါက် ကျင်းပမည် ဖြစ်သလို လွတ်လပ်မှုနှင့် တရားမျှတမှုလည်း အပြည့်အဝ ရှိမည်ဖြစ်ကြောင်း ပြောကြား သွားသည်ဟု ဆူရင်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များအား ပြောကြားသွားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အတိအကျ မပြောနိုင် သေးသော်လည်း အခြေအနေများ တိုးတက် ပြောင်းလဲနေသည်ဟု မျှော်လင့်ကြောင်း ဆူရင် က ဆိုသည်။

အာဆီယံသည် အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို လက်ကိုင်စွဲ ကျင့်သုံး နေခြင်းကြောင့် မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု များတွင်ပါ လက်ရှောင် နေသည်ဟု ကမ္ဘာ့နိုင်ငံများက စွပ်စွဲ ပြောဆိုမှုများနှင့် ရင်ဆိုင်နေရသည်။ ဦးဉာဏ်ဝင်း အား ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး AFP သတင်းဌာန နောက်ထပ် မေးမြန်းမှုများအား ရှောင်လွှဲ သွားကြောင်းလည်း ထပ်မံ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here