မက်စီ ရိုဒရီဂွတ် အား လီဗာပူးအသင်း စာချုပ်၍ ခေါ်ယူလိုက်

alt

လီဗာပူး အသင်းသည် မက်စီ ရိုဒရီဂွတ် အား တရားဝင် စာချုပ် လိုက်ပြီ ဖြစ်သည်။ အာဂျင်တီးနား ကွင်းလယ်လူသည် အက်သလက် တီကို မက်ဒရစ် မှ

လီဗာပူးသို့ (၃)နှစ်ခွဲ စာချုပ်ဖြင့် ရောက်ရှိ လာခြင်း ဖြစ်သည်။

လီဗာပူးနည်းပြ ရာဖေးဘင်နီတက်စ် သည် အသက် (၂၉)နှစ်ရှိ တောင်ပံသမားအား အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လီဗာပူးက ရီးဒင်းအား ရှုံးနိမ့်ခဲ့သည့် FA ဖလား ပွဲစဉ် ကိုလည်း ပရိသတ်အဖြစ် ကြည့်ရှုသုံးသပ်ခဲ့ သေးသည်။

မက်စီသည် လီဗာပူးတွင် နံပါတ် (၁၇)ဂျာစီကို ဝတ်ဆင်မည် ဖြစ်ပြီး စတုတ်စီးတီး နှင့် ယှဉ်ပြိုင်မည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် စတင်ပါဝင် လာဖွယ် ရှိနေသည်။ မက်စီသည် ကွင်းလယ်တွင်ရော၊ တောင်ပံတွင်ပါ ကစား နိုင်သူဖြစ်ပြီး လီဗာပူးမှ ဟော်လန်လက်ရွေးစင် ဒတ်ကွတ် နှင့် တလှည့်စီ ကစား သွားဖွယ် ရှိနေသည်။

မက်စီသည် အာဂျင်တီးနား လက်ရွေးစင် အသင်းတွင် လီဗာပူး ကွင်းလယ်လူ ဂျာဗီးယား မာချီယာနို နှင့် အတူတွဲ ကစားလျက်ရှိပြီး အက်သလက်တီကို မှ လီဗာပူးသို့ ပြောင်းရွှေ့ခဲ့သော စပိန်လက်ရွေးစင် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် နှင့်လည်း အချိတ်အဆက် မိမိ ကစားဖူးသူ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here