လင်ဆေးလိုဟန် တရားစွဲ ခံရဖွယ်ရှိ

alt

လင်းဆေးလိုဟန် အား ပါပါရာဇီ သတင်းမုဆိုး တဦးက တရားစွဲရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ Mean Girl စတား အဆိုတော် မင်းသမီးသည် ထို ပါပါရာဇီအား ကားဖြင့်

ဝင်တိုက်ခဲ့ကြောင်း သိရှိရသည်။

လိုဟန်အား ဓာတ်ပုံ လိုက်ရိုက်စဉ် အသက် (၂၃)နှစ်ရှိ လိုဟန်က ကားဖြင့် တိုက်ခဲ့ရာမှ မိမိအနေနှင့် ဒဏ်ရာရခဲ့ကြောင်း အမည် မဖော်သည့် ယင်း သတင်းမုဆိုးက ဆိုသည်။ လိုဟန်သည် ဟိုတယ်တခုရှေ့မှ ကားကို အရှိန်ဖြင့် မောင်းထွက်ရင်း ၎င်းအား တိုက်မိ သွားခြင်းဟု ယင်း သတင်းသမားက ပြောကြား ထားသည်။

သို့သော်လည်း ထိုသူသည် ဆေးရုံသို့ သွားခဲ့ ရကြောင်း မှတ်တမ်းများ မရှိပေ။ ပါပါရာဇီ ကမူ လိုဟန်၏ လုပ်ရပ်ကြောင့် မိမိမှာ ကံကောင်းလွန်း သဖြင့်သာ မသေခဲ့ခြင်းဟု ပြောကြားလိုက်သည်။ ထိုသူက မိမိအနေနှင့် လိုဟန်အား တရားစွဲမည် ဖြစ်ကြောင်း၊ ငွေမည်မျှကုန်ကုန် ဂရုမစိုက်ကြောင်း၊ လိုဟန်သည် ထောင်ကျရမည် ဖြစ်ကြောင်း ကြိမ်းဝါးနေသည်ဟု သိရသည်။

လော့စ်အိန်ဂျယ်လိစ် ရဲဌာနက အရှိန်ဖြင့် မောင်းထွက်သွားသည့် ကားတစင်းက ရှပ်တိုက် သွားသဖြင့် ဓာတ်ပုံ သတင်းထောက် တဦး ခါးနှင့်လက်တို့တွင် ဒဏ်ရာ ရသွားကြောင်း သတင်းပို့မှု ရရှိထားသည်ဟု အတည်ပြုခဲ့သည်။

လိုဟန် ကမူ ယင်းကိစ္စအတွက် တစုံတရာ ဝေဖန်ချက် မပေးသေးချေ။ သူမသည် အရက်မူးပြီး ကားမောင်းမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများ အတွက်လည်း စွဲချက်တင် ခံရဖူးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here