Google Nexus One သုံးသူများ 3G စံနစ် အခက်အခဲ ရှိနိုင်

alt

Google ၏ ပထမဆုံး မိုဘိုင်းဖုန်း အား တာဝန်ယူ ထုတ်လုပ် ပေးခဲ့သည့် HTC က Nexus One မိုဘိုင်းဖုန်း အသုံးပြု သူများသည် 3G စံနစ်တွင်

အခက်အခဲ ရှိနိုင်ကြောင်း ဝန်ခံ ပြောကြား လိုက်သည်။

HTC မှာ ပြောရေး ဆိုခွင့်ရသူ တဦးက အမေရိကတိုက်ရှိ ဖုန်း အသုံးပြုသူ မြောက်မြား စွာထံမှ 3G ကွန်ယက် ချိတ်ဆက်မှုတွင် ပြဿနာများ ရှိနေသည်ဆိုသော အကြောင်း ကြားမှုများကို လက်ခံ ရရှိခဲ့သလို ထိုကိစ္စကို ဖြေရှင်းပေးရန် အာရုံ စိုက်ထားကြောင်း ဇန်နဝါရီလ (၁၁)ရက် နေ့က ကြေညာခဲ့သည်။

အကြောင်းကြား Message ပေးပို့သူ ရာပေါင်းများစွာ အနက် အများစုက 3G ကွန်ယက်ကို အသုံးပြုချိန်တွင် ကောင်းစွာ မကြားခြင်း၊ အသံလှိုင်း မကြည်လင်ခြင်းတို့ ကြံုရကြောင်း အသိပေးခဲ့ပြီး အချို့ကမူ 3G ကို လုံးဝ သုံး၍မရကြောင်း ဆက်သွယ် ဖော်ပြခဲ့သည်ဟု HTC က ထုတ်ဖော် ပြောဆို သွားခဲ့သည်။

Google သည် နည်းပညာလောက ပြိုင်ဖက်အသွင် ဆောင်လာသော Apple ၏ iPhone အား ကျော်ဖြတ်မည် ဆိုသော ရည်ရွယ်ချက်ဖြင့် Nexus One ကို ရောင်းချခဲ့ခြင်း ဖြစ်သည်။ HTC က ယခု ဖြစ်ပေါ်သော ပြဿနာအတွက် ဖုန်းအား အပြစ်တင်ရန် ငြင်းဆိုထားပြီး ဖုန်း၏ကွန်ယက်ကို တာဝန်ယူထားသည့် T-Mobile ၏ အားနည်းချက်လည်း ဖြစ်နိုင်ခြေရှိကြောင်း အရိပ်အမြွက် ပြောဆိုလိုက်သည်။

HTC က Google ၏ ဖုန်းအသစ်နှင့် ပတ်သက်ပြီး နည်းပညာပိုင်း နားမလည်သူ အချို့ကလည်း ဆက်သွယ် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ HTC ထံသို့ ဖုန်းနှင့် ပတ်သက်ပြီး 3G ပြဿနာအကြောင်း ဆက်သွယ်ခဲ့သူ များအား HTC က ပြုပြင်ရေး Patch အသစ်တခု မြန်နိုင်သမျှ မြန်မြန် ထုတ်ပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု အင်တာနက် Blog များတွင် ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here