Facebook သုံးမိသည့် ထောင်ပြေး ပြန် အဖမ်းခံရ

alt

Facebook ဖြင့် အကဲစမ်း လိုက်မိသော ထောင်ပြေးမှာ ရဲဖမ်း ခံလိုက်ရပြီ ဖြစ်သည်။ ၎င်းသည် ထောင်ဖောက် ပြေးလာပြီး (၄)လမျှ လွတ်မြောက် နေခဲ့သော်လည်း ရဲ များအား နာမည်ကျော် လူမှု

ကွန်ယက် ဝဘ်ဆိုဒ် မှတဆင့် ရိတိတိ ရန်စ ခဲ့ခြင်းကြောင့် ပြန်အဖမ်းခံ လိုက်ရခြင်း ဖြစ်ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၁၃)ရက် နေ့က ကြေညာခဲ့သည်။

အသက် (၂၈)နှစ်ရှိ ကရိတ်လေဇီလစ်ချ် သည် Facebook ရှိ ၎င်း၏ Profile မှ ဓာတ်ပုံတွင် ရဲများကို ရည်စူးပြီး လက်ခလယ် ထောင်ပြကာ ဆဲရေးသည့် ပုံအား တင်ထားခဲ့သည်။ ၎င်း၏ Account တွင် ကမာ္ဘအရပ်ရပ်မှ မိတ်ဆွေပေါင်း ထောင် ဂဏန်းမျှပင် Add ထားကြောင်း သိရှိရသည်။

လစ်ချ်သည် Facebook တွင် Where is Craig ‘Lazie’ Lynch အမည်ရှိ သီးသန့် Page တခုကိုပင် ဖန်တီးကာ ရဲများကို စိန်ခေါ်ထားခဲ့သည်။ ၎င်းသည် ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် (၇)နှစ် ချမှတ် ခံထားရသော်လည်း အင်္ဂလန် အရှေ့ပိုင်း၊ ဆားဖော့ရှိ အကျဉ်းထောင်မှ စက်တင်ဘာလ အတွင်း လွတ်မြောက် သွားခဲ့သည်။

ရဲများသည် လစ်ချ်နောက်သို့ ခြေရာခံလိုက်ကြ ပြီးနောက် လန်ဒန်တောင်ပိုင်း၊ ကန့် ဒေသတွင် ဇန်နဝါရီလ (၁၂)ရက် နေ့ညက ၎င်းအား ပြန်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ လစ်ချ်သည် တရား ဥပဒေအရ ချုပ်နှောင်ထားမှုကို ဖောက်ဖျက်သည့် အမှုအတွက် စွဲချက် တင်ခံရမည် ဖြစ်သည်။

၎င်းအား ဇန်နဝါရီလ (၂၀)ရက် နေ့တွင် လန်ဒန် တောင်ပိုင်း၊ ဝါးဝစ် တရားရုံးတွင် လုံခြံုရေး ထူထပ်စွာဖြင့် စစ်ဆေးသွားမည် ဖြစ်သည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိတဦးက မိမိတို့သည် လစ်ချ် ပုန်းခိုနေသည့် နေရာအား Facebook မှတဆင့် ခြေရာခံ ရှာဖွေနိုင်ခဲ့ကြောင်း ပြောကြား သွားသော်လည်း အသေးစိတ် အချက်အလက် များကိုမူ ရှင်းပြရန် ငြင်းဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here