လူ၁သိန်းခန့် သေမည် မျှော်မှန်းထားသော ဟေတီ ငလျင်ကြီး

alt

အင်္ဂါနေ့က ပြင်းအား ရ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်သွားခဲ့​သော ဟေတီနိုင်ငံ ပို့တ် အော်ပရင့်စ် (Port-au-Prince) မြို့တော်ရဲ့ အစိတ်အပိုင်း အများစု ပျက်စီးသွားပြီး​၊​ လူသေ ဆုံးမှု အရေအတွက်ကို

တိတိကျကျ မ​ပြော​ဆို ​နိုင်​သေး​ဘူး​လို့​ ​မီ​ဒီ​ယာ​တွေ​မှာ​ ​ဖေါ်​ပြ​လျှက်​ရှိ​သည်​။ အ‌ဆောက်အဦး‌ တွေ ‌ထောင်နဲ့ချီ ပြိုကျကုန်ပြီး လူ‌ပေါင်း များစွာဟာ လည်း အ‌ဆောက်အအုံ ပြို‌တဲ့ကြား မှာ ပိတ်မိ‌နေဆဲ​ ​ဖြစ်​တယ်​လို့​လဲ​ ​ဖေါ်​ပြ​ထား​တာ​ကို​ တွေ့​ရှိ​ရ​သည်​။​ လော‌လောဆယ် မှာ လူ‌တွေ ဟာ ခက်ခဲတဲ့ အ‌ခြေအ‌နေ နဲ့ ရင်ဆိုင်‌နေရပြီး​၊​ လျှပ်စစ်မီး ကလည်း မရှိ ငလျင်ဒဏ် ခံရတဲ့ လူ‌တွေ လည်း ‌နေစရာမရှိ ဖြစ်‌နေကာ​ ဆေးဝါးကုသ‌မှု ခံယူဖို့ လို‌အပ်​နေ​သူတွေ ရှိ‌နေတယ်လို့လဲ​ ​ပါ​ရှိ​ပါ​သည်​။​ ‌

ကမ္ဘာ့ ကြက်‌ခြေနီ အဖွဲ့ချုပ်က​တော့ ‌ဟေတီ နိုင်ငံမှာ ‌မြေငလျင် ‌နောက်ဆက်တွဲ အ‌ခြေ အ‌နေ ‌တွေကို ကိုင်တွယ် ‌ဖြေရှင်း ‌ပေးနိုင်ဖို့ အတွက် အ‌ရေး‌ပေါ် ရံပုံ‌ငွေကို သုံးစွဲမယ်လို့‌ ပြောဆို​ထား​ပြီး​၊​ အကူအညီ‌ ပေး‌ရေး လုပ်ငန်း‌တွေ အ‌မြောက်အများ လုပ်ဖို့ လိုတယ်လို့ ‌လည်း ​ပြော​ဆို​ထား​ခဲ့သည်​။​

ပုပ်ရဟန်မင်းကြီး Benedict က လူ့အသက်‌တွေ ဆုံးရှုံးခဲ့ရမှု အ​တွက် ဝမ်းနည်းဖွယ်ရာ အ‌ခြေအ‌နေဆိုးဟု ​ပြော​ဆို​လိုက်ပြီး​၊​ ဟေတီ ‌မြေငလျှင်ကြီး အတွက် ရက်ရက်‌ရော‌ရော ကူညီ လှူဒါန်းကြဖို့ ‌စေတနာရှင်‌တွေကို တိုက်တွန်း​နေ​ကြောင်း​ သိ​ရ​သည်​။​ အ‌မေရိကန်၊ ဗြိတိန်၊ ဗင်နီဇွဲလား၊ မက္ကဆီကို၊ ထိုင်ဝမ် စသော နိုင်ငံ‌တွေ အပါအဝင် နိုင်ငံ အ‌တော် များများ၏ အရေးပေါ် အကူအညီပေးရေး အဖွဲ့များ ဟေတီနိုင်ငံဆီကို ထွက်ခွာသွားနေပြီ ဖြစ်ပြီး အကူအညီ လိုအပ်နေသူ အိုးအိမ်မဲ့ သန်းပေါင်းများစွာ အတွက် အကူအညီတွေကို ပေးပို့ဖို့လည်း အရေးပေါ် စီစဉ်လျှက်​ ရှိ​နေ​ကြ​သည်​။

ဟေတီ နိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံ ဖြစ်ပြီး​၊​ ‌ကာ‌ရေဘီယံ ပင်လယ် ပြင် အတွင်းမှာ တည်ရှိသော နိုင်ငံတခု ဖြစ်ကာ​ ၂၀၀၈ ခုနှစ်က ဟာရီကိန်း မုန်တိုင်း‌များ တိုက်ခတ်ခဲ့မှု ဒဏ်ကို ခံခဲ့ရတဲ့ အတွက် ပြန်လည် ထူ‌ထောင်‌ရေး လုပ်ငန်း‌တွေကို လုပ်​ဆောင်​လျှက်​ ရှိ​နေ​ရာ ​နိုင်ငံ​လည်း​ ဖြစ်​သည်​။​

အခု​ လှုပ်ခတ်ခဲ့သော ‌မြေငလျင်ကြီးသည် နှစ်‌ပေါင်း ၂၀၀ အတွင်းမှာ ‌ဟေတီနိုင်ငံ၏ အင်အား အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့မှု ဖြစ်​ပြီး​၊​ တရုတ်၊​ ‌ဂျော်ဒန်​၊​ ဘရာဇီးလ် နိုင်ငံ​တွေ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင် တချို့ သေဆုံးခဲ့သည်ဟု ​ဖေါ်​ပြ​ပါ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here