Milkshake တွင် အယ်ဇိုင်းမား ပျောက်ကင်းနိုင်သည့် စွမ်းအင်များ ပါဝင်နိုင်

alt

မစ်ရှိတ် (milkshake) တွင် အယ်ဇိုင်းမား ရောဂါအား ပျောက်ကင်း သက်သာစေနိုင် သည့် ထူးခြားသည့် စွမ်းအင်များ ပါဝင် နေဖွယ်ရှိကြောင်း ပညာရှင် များက ယုံကြည် ခဲ့ကြသည်။

မစ်ရှိတ်တွင် မှတ်ဉာဏ်စွမ်းရည်ကို တိုးတက် မြင့်မားစေသော အာနိသင် တမျိုး ပါရှိရာ မှတ်ဉာဏ် ဆုတ်ယုတ်မှု ဝေဒနာကို ခံစား ရသည့် အယ်ဇိုင်းမား ဝေဒနာသည် များအတွက် ကောင်းမွန်သော သက်ရောက်မှု များ ရှိနေကြောင်း သိရှိရသည်။

လေ့လာမှုများ အရ နံနက်စာ စားပြီးတိုင်း မစ်ရှိတ်တခွက်စီ နေ့စဉ် သောက်သုံးသူ များသည် မှတ်ဉာဏ်ပိုင်း တိုးတက် ကောင်းမွန် လာလေ့ရှိပြီး စတော်ဘယ်ရီ မစ်ရှိတ်မှာ ပိုမို အကျိုးရှိကြောင်း တွေ့ရှိ ဖော်ထုတ် နိုင်ခဲ့သည်။

အမေရိကန် အယ်ဇိုင်းမား လေ့လာရေး အဖွဲ့က စတော်ဘယ်ရီ မစ်ရှိတ်ကို တနေ့ တခွက် သောက်သုံးခြင်းဖြင့် သီတင်း(၁၂)ပါတ် အတွင်း ကာလတို မှတ်ဉာဏ် သိသိသာသာ တိုးတက်လာသည်ကို ဖော်ထုတ် တွေ့ရှိခဲ့သည်။ (၂)နှစ်ကြာ လေ့လာမှုများ အတွင်း Souvenaid ခေါ် ဦးနှောက်ကို အာဟာရဖြစ်စေသည့် ဓာတ်တမျိုးမှာလည်း နို့အတွင်း ပါရှိနေကြောင်း သိရှိခဲ့ရသည်။

သုတေသန အဖွဲ့ခေါင်းဆောင် ပရော်ဖက်ဆာ ရစ်ချတ်ဝတ်မန်းက ယခု လေ့လာတွေ့ရှိမှုသည် စိတ်လှုပ်ရှားစရာ ဖြစ်စေခဲ့ကြောင်း ဝန်ခံသွားသည်။ အယ်ဇိုင်းမား ရောဂါသည် ဗြိတိန်တွင် လူ(၄၀၀၀၀၀)ခန့် ကြံုတွေ့နေရပြီး လာမည့်မျိုးဆက် တခုအတွင်း လက်ရှိ အရေအတွက်ထက် နှစ်ဆမျှ မြင့်တက်သွားနိုင်ကြောင်း ဆရာဝန်များက မျှော်လင့်ထားသည်။

မစ်ရှိတ်သည် ဦးနှောက်အတွင်း ဓာတ်ပြုမှုများအား သက်ရောက်မှု မရှိစေသည့်တိုင် ဦးနှောက်ဆဲလ် များအတွင်း အချက်အလက်များ သယ်ဆောင်မှု စွမ်းရည်ကို မြှင့်တင်ပေးသည်။ ယင်းချိတ်ဆက်မှုအား ထိခိုက်ခြင်းသည် မှတ်ဉာဏ်ကို လျော့ပါးစေပြီး အယ်ဇိုင်းမားရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်း တခုလည်း ဖြစ်သည်။

ဘော်စတွန်ရှိ မက်ဆာချုးဆက် နည်းပညာဌာနကမှ ပရော်ဖက်ဆာ တဦးဖြစ်သည့် ဝတ်မန်းက Omega 3 Fatty Acids၊ Uridine နှင့် Choline စသည့် ဓာတ်များအပြင် ကျန်းမာရေးကို အထောက်အကူပြုသည့် ဗီတာမင်B ဒြပ်ပေါင်းများပါ ကြွယ်ကြွယ်ဝဝ ပါဝင်လျက်ရှိကြောင်း ထောက်ခံ ပြောဆိုထားသည်။ ပညာရှင်များသည် အယ်ဇိုင်းမားရောဂါ အစောပိုင်းအဆင့် ခံစားနေရသည့် သက်ကြီးရွယ်အို များအား မစ်ရှိတ်ကော့တေး နေ့စဉ်တခွက်စီ ပုံမှန် တိုက်ကျွေးခဲ့ရာ မှတ်ဉာဏ်ပိုင်း ပြန်လည် ကောင်းမွန်လာသည်ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here