ဇန်နဝါရီ ၁၅ရက် နေကြတ်မှု မြန်မာနိုင်ငံ ဒေသအချို့မှ မြင်တွေ့နိုင်မည်

alt

မြန်မာနိုင်ငံ၏ အချို့သော ဒေသ များသည် ဇန်နဝါရီ လ (၁၅)ရက် နေ့တွင် ဖြစ်ပေါ်မည့် နေကြတ် ခြင်းအား မြင်တွေ့ရမည် ဖြစ်သည်။ (၂၁) ရာစုတွင်

အရှည်လျားဆုံး နေကြတ်မှု ဖြစ်စဉ်သည် ထိုနေ့တွင် ပေါ်ပေါက်လာမည် ဖြစ်ပြီးနိုင်ငံ အတွင်းရှိ အချို့သောဒေသများမှ မြင်တွေ့ နိုင်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့ကြသည်။

နေကြတ်မှုအား အလယ်ပိုင်း အာဖရိကမှ စတင် မြင်တွေ့ရမည် ဖြစ်ကာ အိန္ဒိယ သမုဒ္ဒရာ ဖက်သို့ ဦးတည်ရွေ့လျား လာပြီးနောက် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ တရုတ်နိုင်ငံများမှ အချို့နေရာ များတွင် နေကြတ်ခြင်းကို တွေ့ရှိနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနောက်ဖက် စစ်တွေမြို့ မှတဆင့် ရွှေဘို၊ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင် နှင့် လားရှိုးမြို့ များမှာ နေကြတ်ခြင်းကို မြင်တွေ့ ရနိုင်ကြောင်း သိရှိရသည်။ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီတွင် နေကြတ်မှုကို ပထမဆုံး စတင် မြင်တွေ့ရပြီး နောက်ထပ် (၃)နာရီခွဲ ကြာသည် အထိ နိုင်ငံအတွင်း နေရာအချို့မှ နေကြတ်မှုအား တွေ့မြင်နိုင်မည်ဟု ဆိုသည်။ ကာလရှည်ကြာစွာ နေကြတ်မှုအား လာရောက် ကြည့်ရှုရန် နိုင်ငံခြား ကမာ္ဘလှည့် ခရီးသည် များသည်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိ လာဖွယ်ရှိကြောင်း တာဝန်ရှိသူများက မျှော်လင့်ထားကြသည်။

ထို့အပြင် ရန်ကုန်မြို့တွင် နေထိုင်သူ အချို့သည် နေကြတ်ခြင်းအား မြင်တွေ့ခွင့် ရရန် နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများသို့ သွားရောက်ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။ မြန်မာ သတင်းမီဒီယာများက မြန်မာနိုင်ငံ နက္ခတ်ဗေဒ ပညာရှင်များ အသင်းနှင့် အစိုးရပိုင် MRTV-3 ရုပ်မြင်သံကြား ဌာနတို့သည် နေကြတ်မှုအား မှတ်တမ်းတင် ဗီဒီယိုရိုက်ကာ ပထမဆုံး အကြိမ်အဖြစ် အများပြည်သူအား ထုတ်လွှင့် ပြသရန် စီစဉ်ထားကြောင်း ဖော်ပြ နေခဲ့ကြသည်။်

LEAVE A REPLY

Please enter your comment!
Please enter your name here