ကားဖြင့် တိုက်မိကာ သေဆုံးသူ အလောင်းအား ချိတ်လျက်နှင့် ကားမောင်းပြေးသည့် ဂျပန်အမျိုးသမီး

alt

သွေးပျက် ထိတ်လန့်ပြီး မိမိကားဖြင့် တိုက်မိ ခဲ့သည့် အလောင်းကြီးအား (၄)မိုင် အကွာအထိ ကားဖြင့် ချိတ်မောင်း သွားသော ဂျပန် အမျိုးသမီး တဦးကို

ရဲများက ဖမ်းဆီး ထားလိုက်သည်။

တိုကျို မြောက်ပိုင်းတွင် နေထိုင်သည့် မစ်ချီခို ဆာတို သည် ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက ကားမောင်းလာရင်း အသက်(၈၀) အရွယ် အဖွားအို တဦးအား ဝင်တိုက် မိခဲ့သည်။ ထို့နောက်တွင် အလွန် ထိတ်လန့်သွားသည့် အမျိုးသမီးသည် နောက်ကြည့် မှန်တွင် အလောင်း ချိတ်လျက် ပါလာရင်း မော်တော်ကားကို နေအိမ် ရောက်သည် အထိ သွေးရူးသွေးတန်း မောင်းနှင် လာခဲ့မိခြင်း ဖြစ်သည်။

အသက် (၂၃)နှစ်ရှိ ဆာတို၏ ဖြစ်ရပ်ကို သိရှိ ရသော သူမ၏ ချစ်သူက ရဲတပ်ဖွဲ့အား အကြောင်းကြားပြီး ဖြစ်ရပ်ကို ရှင်းပြခဲ့သည်။ သို့သော်လည်း ရဲများက ဆာတို အား ယာဉ်တိုက်မှု၊ လူသေမှုအပြင် မောင်းပြေးမှုများဖြင့် အမှုဖွင့်ကာ ဖမ်းဆီးထားပြီ ဖြစ်သည်။

တိုကျို ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဆာတိုသည် အလွန် ထိတ်လန့်သဖြင့် လုပ်မိလုပ်ရာ အဖြစ် အလောင်းကြီးအား (၄)မိုင် အကွာအထိ တရွတ်ဆွဲ ကားမောင်းလာခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ပြောဆိုသွားသည်။

ဆာတိုသည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် (၁၇)နှစ်ဖြစ်စေ၊ ဒဏ်ငွေဒေါ်လာ (၁၆၀၀၀) ဝန်းကျင်မျှ ဖြစ်စေ ပေးဆောင် ရဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here