မန်စီးတီး ကွင်းလယ်အတွက် ရီးရဲမက်ဒရစ် ကစားသမားအား မန်စီနီး မျက်စိကျနေပြန်

alt

မန်ချက်စတာ စီးတီး နည်းပြသစ် ရောဘတ်တို မန်စီနီးသည် အသင်း၏ ကွင်းလယ်အင်အား တောင့်တင်း စေရေးအတွက် ရီးရဲလ်မက်ဒရစ် မှ အာဂျင်တီးနား လက်ရွေးစင် ဖာနန်ဒို ဂါဂို ကို

မျက်စိကျနေကြောင်း သိရှိရသည်။

စီးတီး အသင်းသည် အသက်(၃၃)နှစ် အရွယ် ပြင်သစ် လက်ရွေးစင်ဟောင်း ပက်ထရစ် ဗီအဲရာ အား ခေါ်ယူခဲ့ပြီး ဖြစ်သည့်တိုင် ဂါဂိုကို ပါ ခေါ်ယူရန် ပြင်ဆင်လာခြင်း ဖြစ်သည်။ အသက်(၂၃)နှစ် အရွယ် ဂါဂိုသည် အသင်းသို့ ဇာဘီအလွန်ဆို နှင့် ရီကာဒိုကာကာ တို့ ရောက်ရှိ လာပြီးနောက် နေရာရရေး ရုန်းကန် နေရသူ ဖြစ်သည်။

ရီးရဲလ် အသင်းသည်လည်း ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ကာလက ပေါင်စတာလင် (၂၆၅)​ သန်းဖိုးမျှ ငွေသုံး ကြမ်းခဲ့ပြီးနောက် ဂါဂိုအား ရောင်းချရန် စိတ်ဝင်စားနေခဲ့ပြီ ဖြစ်သည်။ ဂါဂိုသည် ကွင်းလယ် အဖျက်တွင် ကျွမ်းကျင်စွာ ကစားနိုင်သော်လည်း ရီးရဲလ် နည်းပြက ထိုနေရာ​ အတွက် အလွန်ဆို အပြင် လာဆနာဒီရာယာ၊ အက်စတာဘန် ဂရာနီယို တို့ကို ပိုမို သဘောကျ နေခဲ့သည်။

ဂါဂိုသည် ဇန်နဝါရီလ (၁၀)ရက် နေ့က မာလော့ကာ အသင်းအား (၂-၀) ဖြင့် အနိုင်ရရာတွင် မိနစ်(၉၀)ပြည့် ကစားသွားသော်လည်း ထိုပွဲမှာ တရာသီလုံးတွင် ၎င်း၏ ပွဲထွက်ခွင့် ရသော တတိယ မြောက်ပွဲသာ ဖြစ်ခဲ့သည်။

ဂါဂိုသည် ရီးရဲလ်သို့ လွန်ခဲ့သော (၃)နှစ်က ပေါင်စတာလင် (၁၃.၇)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ရီးရဲလ်သည် ဂါဂိုအား ပေါင်(၇.၅)သန်း မျှဖြင့် အရှုံးခံ ရောင်းချသွားဖွယ် ရှိနေပြီး အင်္ဂလန်ကလပ် အဲဗာတန် ကလည်း အငှားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း လန်ဒန်မှလာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here