ရွေးကောက်ပွဲ အောင်ပွဲခံခဲ့သည့် ခရိုအေးရှား ခေါင်းဆောင်သစ် Facebook ဒုက္ခ ကြုံနေရ

alt

ခရိုအေးရှား နိုင်ငံ၏ ခေါင်းဆောင် သစ်မှာ ရွေးကောက်ပွဲ အောင်ပွဲ ခံခဲ့ပြီးနောက် Facebook တွင် ဒုက္ခများလျက် ရှိသည်။ သမ္မတသစ် အိုင်ဗိုဂျိုဆီပိုဗစ် သည်

ဇန်နဝါရီလ (၁၀)ရက် နေ့က ခရိုအေးရှား ရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း (၆၀) ဖြင့် အပြတ်အသတ် အနိုင် ရရှိခဲ့ပြီးနောက် ကမ္ဘာကျော် လူမှုကွန်ယက် ဝဘ်ဆိုဒ်ရှိ ၎င်း၏ Account သို့ Friend အဖြစ် Add လုပ်သူပေါင်း ထောင်ချီ များပြားနေမှုအား မည်ကဲ့သို့ Accept လုပ်ရမည်ကို ခေါင်းစားနေကြောင်း သိရှိရသည်။

မိမိတွင် Facebook က ခွင့်ပြုထားသည့် အရေအတွက်ဖြစ်သော Friend ပေါင်း (၅၀၀၀) ရှိနေပြီ ဖြစ်ကြောင်း၊ နောက်ထပ် (၇၀၀၀) ကလည်း Request လုပ်ထားရာ ထိုကိစ္စအား ဖြေရှင်းရန် အကြံအိုက်နေကြောင်း ဂျိုဆီပိုဗစ်က ဆိုသည်။ ဂျိုဆီပိုဗစ်သည် ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ် များနှင့် ဘာသာရေး အဖွဲ့များက ထောက်ခံသည့် ဇာဂရက် မြို့တော်ဝန် မီလန်ဘန်ဒစ် အား အနိုင်ရကာ သမ္မတရာထူးကို လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် (၁၉၉၁) ခုနှစ်က ယူဂိုဆလားဗီးယား ပြည်ထောင်စုမှ ခွဲထွက်လာပြီး နောက်ပိုင်း ခရိုအေးရှား နိုင်ငံ၏ တတိယမြောက် သမ္မတလည်း ဖြစ်လာသည်။ ဂျိုဆီပိုဗစ်သည် (၂၀၁၀)ခုနှစ် အတွင်း ဥရောပ ယူနီယံသို့ ခရိုအေးရှားနိုင်ငံ ဝင်ရောက်ခွင့် အတွက် အပြီးသတ် ညှိနှိုင်းမှုများကို ပြုလုပ် ဆောင်ရွက်ရမည့် နိုင်င ခေါင်းဆောင်လည်း ဖြစ်လာဖွယ် ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here