CES ပြပွဲမှ Light Touch စိတ်ဝင်စားဖွယ် နည်းပညာသစ်

alt

ယခုနှစ် Consumer Electronics Show တွင် ပြသသွားသော Light Touch နည်းပညာသည် အနာဂတ် ကာလတွင် Laptop ကွန်ပျူတာ များအား အပြီးတိုင်

ပျောက်ကွယ် သွားစေဖွယ် ရှိနေသည်။

ယင်းသည် သေးငယ်သော Projector လေး တခုဖြစ်ပြီး မည်သည့်ပြင်ညီ မျက်နှာပြင်တွင် မဆို (၁၀)လက်မ အရွယ် Touchscreen တခုကို လေဆာအလင်းတန်းဖြင့် ပုံဖော် ပေးနိုင်ပြီး ယင်းScreen သည် လက်ဖြင့် ထိတွေ့ ခိုင်းစေမှုများအား သိရှိနိုင်သည်။

Light Blue Optics က တီထွင်ခဲ့သည့် နည်းပညာအရ ယင်း Projector ကို Smartphone မျက်နှာပြင်သဖွယ် အသုံးချနိုင်မည် ဖြစ်သည်။ နည်းပညာနှင့် ပတ်သက်ပြီး တိုးတက်အောင် ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်သည့်တိုင် Show တွင် ပရိသတ်များ၏ တုန့်ပြန်မှုမှာ အလွန်အားရဖွယ် ကောင်းနေခဲ့သည်။

လူအများစုသည် Light Touch နည်းပညာနှင့် ပတ်သက်ပြီး အထင်တကြီး ရှိခဲ့ကြသလို Hardware လောက၏ မော်ကွန်းဝင် စွမ်းဆောင်မှု တခုသဖွယ် ချီးကျူးစရာ ဖြစ်လာခဲ့သည်။ Light Touch တွင် wi-fi၊ bluetooth ချိတ်ဆက်မှု စံနစ်များနှင့် Built-in memory ပမာဏ 2GB ပါဝင်သည်။

Light Touch သည် Show ၏ အကောင်းဆုံး နည်းပညာ တော်လှန်ရေး တရပ်အဖြစ်လည်း တင်စား ချီးကျူးခံနေရသည်။ Light Blue Optics သည် Light Screen အား စတင်ရောင်းချမည့် အချိန်နှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို ထုတ်ဖော် ကြေညာသွားခြင်း မရှိကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here