Freeware တီထွင် ဖန်တီးသူများအား တရုတ် အစိုးရမှ ငွေကြေး ထောက်ပံ့သွားမည်

alt

တရုတ်နိုင်ငံရှိ Freeware များကို တီထွင် ဖန်တီးနေသည့် Developer များအား ငွေကြေး ထောက်ပံ့ သွားမည်ဟု သိရှိရသည်။

Sequoia Capital China၊ Highland Capital နှင့် Qihoo 360 လုပ်ငန်းစုကြီး များသည် နိုင်ငံ၏ အခမဲ့ Software ထုတ်လုပ်မှု နယ်ပယ်တွင် ရင်းနှီးမြှပ်နှံမှုများ ပိုမိုပြုလုပ် သွားမည်ဟု ကြေညာခဲ့သည်။

ထောက်ပံ့ငွေ ပမာဏသည် အမေရိကန် ဒေါ်လာ (၁၄၆)သန်းမျှ ရှိနေနိုင်ပြီး နိုင်ငံအတွင်းရှိ အသေးစား Software လုပ်ငန်းလေးများ အတွက် အကျိုး ရှိစေရန် ရည်ရွယ်ထားသည်။ Qihoo 360 ကုမ္ပဏီ၏ နာယကဖြစ်သူ ဇူဟွန်ဂျီက Freeware များ ထုတ်လုပ်ခြင်းသည် တိုင်းပြည် အတွင်းရှိ ပြည်သူများ အတွက် ကောင်းမွန်စေသည့်တိုင် Developer များအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပြဿနာများ ရှိနေတတ်သည်ကို ထောက်ပြခဲ့သည်။

အထူးသဖြင့် လုပ်ငန်းများသည် Freeware ထက် Social Networking နှင့် Online Game များတွင်သာ မြှုပ်နှံရန် အာရုံကျလေ့ ရှိကြသည်။ Qihoo 360 သည် တရုတ်ပြည်တွင် လူသုံးအများဆုံး နာမည်ကျော် Freeware Antivirus Software ကို ထုတ်လုပ်ထားသော ကုမ္ပဏီ ဖြစ်သည်။ ဇူက Freeware များသည် အခြားသော အခပေး Software အကြီးစားများ၏ လွှမ်းမိုးမှုကို အလွယ်တကူ ခံရလေ့ ရှိသည်မှာ Freeware Developer များအတွက် စိန်ခေါ်မှုတခု ဖြစ်လာကြောင်း ဝန်ခံခဲ့သည်။

ထို့အတူ ကောင်းမွန် အသုံးဝင်သည့် Freeware များ ရေးဆွဲ ထုတ်လုပ်ပေးနေသည့် ကုမ္ပဏီငယ်လေးများ မှာလည်း လုပ်ငန်းစုကြီးများ၏ သိမ်းသွင်းမှုအောက် ကျရောက် နေခြင်းတို့ကြောင့် နိုင်ငံ၏ Freeware ကဏ္ဍမှာ ယခုထက် အကူအညီ လိုအပ်နေကြောင်း ဇူ က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here