ဂီတ လုပ်ငန်းများမှ အနားယူရန် ဘီယွန်းဆေး စဉ်းစားနေ

alt

ဘီယွန်းဆေးနိုးလ် က သူမ၏ ဂီတလုပ်ငန်း များမှ (၆)လခန့် ရပ်နားထားပြီး အနားယူရန် စဉ်းစားမိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။ လက်ရှိ ဂီတရပ်ဝန်းတွင်

အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော် တဦးအဖြစ် ရပ်တည်နေသည့် Crazy in Love အဆိုတော်သည် အောင်မြင်သော Hip Hop ဂီတသမား Jay-Z နှင့် လက်ထပ်ထားသူ ဖြစ်သည်။

ဘီယွန်းဆေးက သူမသည် အလုပ်ထက် Personal ပိုင်းတွင် အချိန်ပိုပေး သင့်သည်ဟု ခံစားမိသဖြင့် ပြီးခဲ့သည့် နှစ်ကတည်းက ခေတ္တ အနားယူနေရန် စဉ်းစားခဲ့ကြောင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမ အလွန်ချစ်သည့် (၅)နှစ်သား တူလေး ဒင်နီယယ် အတွက်လည်း အချိန်ပို ပေးလိုကြောင်း ဘီယွန်းဆေး က ဆိုသည်။

ဒင်နီယယ်သည် အံ့ဩစရာ၊ ချစ်စရာ ချာတိတ်လေး တဦးဖြစ်ကြောင်း၊ (၂၄)နာရီ လုံးလုံး အလုပ်ကိစ္စများ စဉ်းစားနေရာမှ ဒင်နီယယ် အတွက် အချိန်ပို ပေးသွားမည် ဖြစ်ကြောင်း နာမည်ကျော် Pop အဆိုတော်က ပြောကြားခဲ့သည်။ ဘီယွန်းဆေးသည် ယခု လကုန်တွင် ကျင်းပမည့် ဂရမ်မီ ဆုပေးပွဲတွင် အကြီးအကျယ် အောင်မြင်မှုဆုများ ရရန် ကြိုတင် ရေပန်းစား နေခဲ့သူလဲ ဖြစ်သည်။

သူမ၏ အောင်မြင်မှုနှင့် ပရိသတ် အားပေးမှု အတွက် ကျေနပ် ပျော်ရွှင်မိကြောင်း၊ သို့သော်လည်း မိမိကိုယ်ကိုယ် အနားပေးသင့်သည့် အခြေအနေကို အမှန်အတိုင်း သိမြင်ပြီး ပြန်လည် သတိပေးနေရကြောင်း ဘီယွန်းဆေး က ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here