ဆွီဒင် လူနေမှုစံနစ် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး ဖြစ်နေ

alt

ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးတွင် ဆွီဒင်သည် လူနေမှု စရိတ်ကုန်ကျမှု တန်ဖိုး အကြီးမားဆုံး ဖြစ်သည်။ လေ့လာမှု အသစ်များ အရ ဆွီဒင်၏ လူနေမှု စံနစ်သည် ကမ္ဘာပေါ်တွင်

ငွေကုန် ကြေးကျ အများဆုံး အဖြစ်ရပ်တည် နေကြောင်း သိရှိရသည်။ ဆွီဒင်သည် လူနေမှု အဆင့်နှင့် အရည်အသွေးဆိုင်ရာ စစ်တမ်း များတွင် အမြဲလိုလို ထိပ်ဆုံးနံပါတ်(၁၀) နေရာမှ ရပ်တည်နေသည့် နိုင်ငံလည်း ဖြစ်သည်။

လွန်ခဲ့သည့် (၂)နှစ်ခန့်က ကုလသမဂ္ဂ၏ လူသား အရင်းအမြစ် ဖွံ့ဖြိုးမှု စစ်တမ်းတွင် ဆွီဒင်သည် သတ္တမနေရာ ချိတ်ခဲ့ပြီး မကြာသေးမီက International Living မဂ္ဂဇင်းက စစ်တမ်းကောက်ယူ ထုတ်ပြန်လိုက်သော လူနေမှုစံနစ် အကောင်းဆုံး နိုင်ငံများ စာရင်းအရ ဆွီဒင်သည် နိုင်ငံပေါင်း (၂၀၀)ကျော် အနက် နံပါတ်(၃၀)သာ ချိတ်ခဲ့သည်။

ထို အခြေအနေသည် လူနေမှုစံနစ် အလွန်မြင့်မားသည့် စကန်ဒီနေးဗီးယန်း နိုင်ငံအတွက် လက်မခံနိုင်စရာ ဖြစ်ခဲ့ရသည်။ အမေရိကန်ရှိ International Living မဂ္ဂဇင်း တာဝန်ခံအဖွဲ့က ယင်းသို့ ဖြစ်ရခြင်းမှာ ဆွီဒင်၏ လူနေမှု စံနစ်သည် ဈေးအကြီးဆုံး ဖြစ်နေခြင်းကြောင့်ဟု အကြောင်းပြခဲ့သည်။ ထိုမဂ္ဂဇင်းအတွင်း Reputation Point များ အဆင့်သတ်မှတ် ဖော်ပြခဲ့ရာ ဆွီဒင်သည် သုံည သာ ရခဲ့သည်။ နိုင်ငံအားလုံးတွင် တမှတ်မှ မရသည်မှာလည်း ဆွီဒင် တနိုင်ငံသာ ရှိခဲ့သည်။

မဂ္ဂဇင်း၏ စာရင်းအရ လူနေမှုစရိတ် မြင့်မားသော နိုင်ငံများတွင် ဆွီဒင်၏ အိမ်နီးချင်း ဒိန်းမတ်က နံပါတ်(၃၃)မှ ရပ်တည်ခဲ့သည်။ ဖင်လန် နှင့် နော်ဝေးတို့က အဆင့်(၃၉)တွင်သာ ပူးတွဲရှိနေသည်။ ထို့ကြောင့်လည်း မဂ္ဂဇင်း၏ အဆုံးသတ် စာရင်းတွင် ယင်း (၃)နိုင်ငံလုံး ဆွီဒင်၏အထက်တွင် တည်ရှိနေခဲ့သည်။ မဂ္ဂဇင်းက ယခု အချက်အလက်များကို အမေရိကန် အစိုးရ ပြုစုထားသော ပင်လယ်ရပ်ခြား နိုင်ငံများ၏ လူနေမှုစရိတ် စာရင်းများအပေါ် အခြေခံ တွက်ချက်ထားကြောင်း ပြောကြားခဲ့သည်။

ဆွီဒင်သည် ပြီးခဲ့သည့်နှစ်က မဂ္ဂဇင်း၏ စာရင်းတွင် နံပါတ်(၃၇)နှစ်သာ ချိတ်ခဲ့သည်။ မဂ္ဂဇင်း တာဝန်ခံအဖွဲ့က မိမိတို့သည် ထိုကိစ္စအတွက် စောဒက တက်လာမှုများကို ဖြေရှင်းပေးရပြီး စာရင်းတွင် ဖော်ပြမှုသည် အမှားတခု မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here