ဗန်ဒါဆား နေရာတွင် အစားထိုးရန် ပြင်သစ်လက်ရွေးစင် ဂိုးသမားအား မန်ယူ စိတ်ဝင်စားနေ

alt

မန်ချက်စတာ ယူနိုက်တက်အသင်း သည် ရာသီကုန် တွင် အနားယူ တော့မည့် ဟော်လန် ဂိုးသမားကြီး အက်ဒွင် ဗန်ဒါဆား နေရာတွင် အစားထိုးရန်

ဆီဘက်စတီယန် ဖရေးအား စိတ်ဝင်စား နေကြောင်း သိရှိရသည်။ ပြင်သစ် လက်ရွေးစင် ဂိုးသမား ဖရေး၏ အေးဂျင့်ဖြစ်သူ ဂျီအိုဗင်နီ ဘရန်ချီနီက အင်္ဂလန် ချန်ပီယံကလပ်သည် ၎င်း၏ ကစားသမားအတွက် စုံစမ်းမှုအချို့ ပြုလုပ် နေကြောင်း ဝန်ခံခဲ့သည်။

သို့သော်လည်း ဖီအိုရင်တီးနားမှ ဂိုးသမား အနေနှင့် ယူနိုက်တက်သို့ ပြောင်းဖြစ်မည်မှာ မသေချာ ကြောင်းလည်း ၎င်းက ဆိုသည်။ ဖရေးသည် ဖလောရင့်မြို့ခံ ကလပ်အသင်းတွင် ရာသီကုန် အထိ ဆက်ရှိနေမည်ဟု မျှော်လင့် ရကြောင်းကိုမူ ဘရန်ချီနီက ပြောကြား သွားခဲ့သည်။

ဘရန်ချီနီသည် ဖရေးအပြင် ဖီအိုရင်တီးနား ကွင်းလယ်လူ ရီကာဒို မွန်တိုလီဗို၏ အေးဂျင့် အဖြစ်ပါ ဆောင်ရွက် ပေးနေရသူ ဖြစ်သည်။ ဖရေးသည် အီတလီ ဘောလုံးလောက၏ အကောင်းဆုံး ဂိုးသမား တဦးအဖြစ် လက်စွမ်းပြနေသူ ဖြစ်ပြီး ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က အသက်(၂၈)နှစ် အရွယ် ဂိုးသမားအား ဗန်ဒါဆားနေရာ အတွက် မျက်စိကျနေကြောင်း ယခင် ကတည်းက သတင်းကြီးနေရာ ဘရန်ချီနီက ယခုလို အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ဖီအိုရင်တီးနား အသင်းကမူ ၎င်းတို့၏ အဓိက ဂိုးသမားအား လက်လွှတ်ခံရန် ဆန္ဒမရှိနိုင်ကြောင်း သတင်းများက သုံးသပ် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here