ဂျာနယ်တစောင်အား ပွင့်လင်းစွာ ရှုမြင်ခြင်း

ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )

မြန်မာပြည်မှာ ကွန်ပြူတာနှင့် ပတ်သက်ရင် ဖတ်စရာ ဂျာနည် အနည်းငယ်သာ ရှိပါတယ်။ အခု ဆိုင်မှာ ၂ဝဝ၈ April လ အတွက် ကွန်ပြူတာဂျာနယ် တခုတည်း ရှိတာမို့ ဒီတအုပ်ပဲ ဝယ်ဖြစ်ခဲ့တယ်။ အကြောင်း ကတော့ ဒီဂျာနယ် စာဖတ်သူ အတွက် ဘယ်လို အသုံးကျသလဲ သုံးသပ် ရှုမြင်ချင်လို့ ပါပဲ။

စာအုပ် စလှန်ကြည့်တော့ ပြိုးပြိုးပြောင်ပြောင် စာရွတ်တွေနှင့် ကြော်ညာတွေ သိပ်များတာကို ပထမ သတိထားမိတယ်။ သေသေချာချာ ရေကြည့်တော့ ၄၉ မျက်နှာရှိတယ်။ အရွက်ပြည့် ကြော်ညာတွေပဲ ရေတာ။ အသေးလေးတွေ အများကြီး ပါသေးတယ်။ အေးလေ ကြော်ညာပါတာ ထားပါတော့။

ထုတ်ဝေသူ ကျင့်ဝတ်နှင့်မညီ ပြုကျင့်တာကတော့ ကြော်ညာများကို ကြော်ညာလို့မပြောပဲ စာမူစာရင်း ထဲမှာ ထည့်ထားတာပဲ ဖြစ်ပါတယ်။ ဥပမာ Epson inject printer (two articles in page 64) ဟာ ၅၇၆ဝ DPI ရှိလို့ အရေအသွေးကောင်းပြီး ဘယ်ဆိုင်မှာ လက်လီလက်ကား ရရှိနိုင်တဲ့ အကြောင်းပါ။ DPI သိပ်များလွန်းတယ်။ မဖြစ်နိုင်ဘူး။ ၆ဝဝ DPI ထက်ကျော်ရင် DPI ဘယ်လောတ် ကြီးကြီး လူ့မျက်စိဖြင့် ပိုကောင်းမှန်း မသိနိုင်ဘူး။ ဒီလိုမျိုး inject printer တွေ ဓားမဖိုးထက် လက်ခကြီးလို့ အလကားပေးတောင် catridge နဲ့ cable မပါရင် မယူဘူး။ ဒါတောင် မှင် ဖင်ကပ်ပါတဲ့ starter kit catridge ဆို မလိုချင်ဘူး။ အို … ကိုယ်က တခါတလေသုံးတာ ခြိုးခြိုးခြံခြံ inject printer လေးဝယ်ထားမယ် တွက်ကိန်း မမှားနဲ့။ မှင်ခြောက်ခြောက် သွားတတ်လို့ print တခါ ထုတ်တိုင်း တခါ catridge ဝယ်ရတတ်တယ်။ ရှင်းရှင်းပြောရရင် inject printer ခေတ်ကုန်သွားပြီ။ ပြန် မဆန်းနဲ့တော့။ ဒီ DPI က manufacturer တွေရဲ့ လုပ်ကွက်။ သူ့မှင်ပေါက် သေးတာကို ပြောတာလဲ ဖြစ်နိုင်တယ်။ ဘာပြောပြော output မှာ လူ့မျက်စိနဲ့ မသိနိုင်တဲ့ ကိစ္စကို ဘာလို့ ကွန်ပြူတာဂျာနယ်မှာ manufacturer တွေရဲ့ လုပ်ကွက်နင်းပြီး အရေးတယူ ပြောရသလဲ။ ကွန်ပြူတာဂျာနယ်မှာ စာဖတ်သူ အတွက်မကြည့်ပဲ ကြော်ညာတဝက် စာမူတွေ မွှန်နေအောင် ပါပါတယ်။ ဒါတော်တော် ဆိုးတဲ့ ကိစ္စပါ၊ natural opinion မရှိဘူး။

Happy Birthday Virus ကို အပြတ် နှိမ်နှင်းခြင်း လို့ စာအုပ်မျက်နှာဖုံးမှာ ဟောက်လုံး ထုတ်ထား ပါသေးတယ်။ အခုခေတ်မှာ virus issue ဟာ အရေးတယူ လုပ်ပြောစရာ မလိုတော့ပါဘူး။ ကျနော့ windows စက်မှာ anti-virus တောင်မသုံးဘူး။ မြန်မာနိုင်ငံမှာ internet မှ သိပ်မသုံးတဲ့ဟာ ဘယ်က virus က ဝင်ရတာလဲ။ အမှန်တော့ စက်ပျက်ရင် virus ထက် hardware failure သာ ဖြစ်ဖို့ များပါတယ်။ မသိရင်တော virus ဖြစ်တာလိုလို service center တွေက လုပ်တတ်တယ်။ ကွန်ပြူတာဂျာနယ် အနေနဲ့ ဘေးတီး မပေးသင့်ဘူး။

စာမျက်နှာ ၈၁ မှာ Google server တခါတလေ down တာ ကြုံတွေ့ရမည် ဖြစ်ကြောင်း ရွှီးထားပါတယ်။ မဖြစ်နိုင်ဘူး၊ server down တာ ပေါ့သေးသေး ကိစ္စ မဟုတ်ဘူး၊ ebay server down တုန်းက stock share တော်တော်ကျသွားတယ်။ gmail server တော့ အရင်က down တတ်တယ်။ အခု ကောင်းသွားပြီ။ ကွန်ပြူတာ အထွေထွေကဏ္ဍ မှာ အခမဲ့ Email ရနိုင်တဲ့ ဝဘ်ဆိုဒ်တွေကို သုံးမျက်နှာ ရေးထားတယ်။ သိပ်များလွန်းတယ်။ နှစ်ဆယ်ကျော် list ထဲမှာ gmail မပါဘူး။ 30gigs.com ကို ထိပ်ဆုံးမှာ ထည့်ထားတယ်။ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ် လောက်တုန်းက gmail 1 gigabyte မို့ 30gig marketing လုပ်တဲ့ကိစ္စ။ စပေါ်ကထဲက သုံးမရဘူး။

Game Review section မှာ Super Mario Glalaxy အကြောင်း ဝေဝေဆာဆာ ရေးထားတယ်။ ဟေ ဒါက Nitendo game စစ်စစ်ကြီး။ Nitendo company သူ့ game ကို ဘယ်တော့မှ အခြား platform ကို port မလုပ်ဘူး။ ကွန်ပြူတာ နဲ့ ကစားမရတာကို ကွန်ပြူတာ ဂျာနယ်မှာ ဘာလို့ထဲထားလဲ။ တော်ကြာ Super Mario Glalaxy game ကစားချင်လို့ Wii မဝယ်ဘဲ PC ဝယ်လိုက်ရင် ခက်မယ်။

စာ ဖောင်ပြည့်အောင် dictionary ကိုလဲ ထည့်ထားသေးတယ်။ dictionary ပါဆိုမှ ဘဲလိုလုပ် magzaine လို ဖတ်လို့ရမလဲ။ dictionary ဆိုတာ A to Z ပါမှ အသုံးကျတယ်။ အခုမှ C ပဲရှိသေးတယ်။ XML ကြည့်ဖို့ ဘယ်လောက် စောင့်ရမလဲ။ ဒါမှမဟုတ် စာဖတ်သူ knowledge ကြွယ်ဝအောင် dictionary ကျက်မှတ်ဖို့ ထည့်သွင်း ထားလေရော့ သလား။

Mouse ကို rumble ဖြစ်အောင်လုပ်နည်း ဆိုပြီး ဆောင်းပါး တခုပါသေး။ စားပွဲပေါ်မှာ ငြိမ်ငြိမ် mouse ကို ဘယ်သူက rumble ဖြစ်ချင်မှာလဲ။ game controller မှာတောင် vibration မကြိုက်လို့ အမြဲ disable လုပ်ထားတယ်။ ဒါအသုံးမဝင်တဲ့ marketing feature တွေ။ Cell phone ကို scanner ဖြစ်အောင် သုံးမည့် ဆောင်းပါးလဲ တခုပါသေး။ မဟုတ်သေးပါဘူး။

ကွန်ပြူတာ သင်ခန်းစာကဏ္ဍ မှာ Java Developer Guide ဆိုပြီး AWT layout အကြောင်းရေးထားတယ်။ ဒိပ်အောက်နေပြီ။ AWT ဆိုတာ ရှေးရှေးတုန်းက Java 1.2 အရင် GUI မှာသုံးတာ။ အခု sun က 1.6 stable ဖြစ်လို့ 1.3 ကို obsolete လို့ပြောပြီးပြီ။ Java Developer သိသင့်တာက Java 1.2 ကို Java 2 လို့ခေါ်တယ်။ framework ခြင်းသိပ်ကွာလို့ Java 2 အရင် java framework ကို မသုံးရဘူး။

အယ်ဒီတာ အနေနဲ့ ကွန်ပြူတာ လောက သတင်းနှင့် direction တွေကို မသုံးသပ် တတ်ဘူး။ ဥပမာ HD DVD format ရှုံးနိမ့်သည့် သတင်းအစား XBox မှာ Blu-ray ကိစ္စအတွက် Microsoft က Sony နှင့် စကားပြောဆိုသည့် အကြောင်း ရေးထားတယ်။ ဒါက နောက်ဆက်တွဲ သတင်း။ အရေးကြီးတဲ့ ပင်ရင်း သတင်းမဟုတ်ဘူး။ အရေမရ အဖတ်မရ press release သတင်း။ HD DVD format ပျက်သွားပြီ ဖြစ်တာကြောင့် မြန်မာတွေ HD DVD စက်တွေ မှားယွင်း မဝယ်မိဖို့ပြောရန် ကွန်ပြူတာ ဂျာနယ်တွေမှာ တာဝန်ရှိပါတယ်။

အရေးကြီးတဲ့ သတင်းတွေ ကျန်နေတယ်။ Sun က MySQL ဝယ်တဲ့အကြောင်း၊ VISTA SP1၊ MS SQL 2008၊ Microsoft က yahoo ကိုဝယ်ဖို့ အကြံ၊ Google အကြီးပိုင်း အရာရှိတွေ Facebook ကိုပြောင်းသည့်ကိစ္စ စတဲ့ ဒီလမှာ အရေးကြီးတဲ့ အကြောင်း တွေမပါဘူး။ VISTA SP1 သတင်း မပါတာကတော့ တော်တော် ရှော်သွားပြီ။ HD DVD vs. Blu-Ray ဆို ကွန်ပြုတာသမား အတွက် ဘောလုံးပွဲကြည့်ရ သလိုပဲ။ တဖက်နှင့် တဖက် သိပ်ကောင်းတဲ့ ကန်ချက်တွေ ။ ဒီလမှပြီးသွားတာ။ သိပ်အရေးကြီးတဲ့ သတင်း။ ကွန်ပြူတာဂျာနယ် မှာ မပါဘူး။ HD DVD player တွေ ရောင်းရအောင် တမင် ဖုံးကွယ်ထားတာလဲ ဖြစ်နိုင်တယ်။ ချုံပြောရရင် အယ်ဒီတာ အနေနှင့် ကွန်ပြူတာလောက သတင်းနှင့် direction တွေကို မသုံးသပ်တတ်ဘူး။ သင်တန်းတခု နေရာ ပြောင်းတာတော့ပါတယ်။ အေးလေ …. သူသိတဲ့ direction အပြောင်းဖြစ်မှာပေါ့။

အကြောင်းအရာ ရွေးချယ်မှု ညံ့ဖျင်းခြင်းများ၊ စာမူတွေမှာ စာရေးသူ မပါဘဲ ထင်ရာစိုင်း အရေးအသားများ (စာမူပိုလို့လည်း မရဘူး)၊ ဟောက်လုံး၊ ရွှီးလုံး များ၊ အတင်းအဖျင်းများ၊ original content မပါဝင်ခြင်းများ၊ ခေတ်အောက်သော သင်ခန်းစာများသာ ဖြစ်သောကြောင့် ကွန်ပြူတာဂျာနယ် ဟာ မြန်မာ ကွန်ပြူတာ သမားများ အတွက် အကျိုးမရှိပဲ အဆိပ်အတောက်ပင် ဖြစ်နိုင်ကြောင်း အသိပေး ပြောကြား လိုက်ချင်သည်။

လင်းဦး (စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here