ကာရာအိုကေ ဆိုရန် မိုင်လီ ဆိုင်းရပ်စ် အလွန် ဝါသနာပါ

alt

အမေရိကန် အဆိုတော် မင်းသမီးလေး မီလီ ဆိုင်းရပ်သည် ကာရာအိုကေ သီချင်းဆိုရန် အလွန် ၀ါသနာပါကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

သူမသည် သူငယ်ချင်း များနှင့် ညဖက်တွင် ကာရာအိုကေ သီချင်း ဆိုရခြင်းအား အကြီး အကျယ် ကျေနပ် သဘောကျ တတ်ကြောင်း ဝန်ခံခဲ့သည်။ သူမသည် ရှုတင် ရိုက်ကွင်းများ၊ ဖျော်ဖြေပွဲများမှ အနားယူကာ တက်နက်ဆီ ပြည်နယ်၊ နက်ရှ်ဗီးလ်ရှိ နေအိမ်သို့ ပြန်ရောက် သည့် အခါတိုင်း ညဖက်တွင် သူငယ်ချင်း များနှင့် ချိန်းဆိုကာ ကာရာအိုကေ သီချင်း ဆိုလေ့ရှိကြောင်း သိရသည်။

အသက် (၁၇)နှစ်ရှိ မီလီက သူမသည် ကာရာအိုကေ ဆိုရင်း ကလည်း ကကြောင်း၊ ထိုအချိန်တွင် စိတ်ကျေနပ်ပြီး ပျော်လည်းပျော်ကြောင်း ပြောကြား ခဲ့သည်။ မီလီသည် Hannah Montana ဇာတ်လမ်းတွဲများဖြင့် တရှိန်ထိုး အောင်မြင်မှု ရရှိလာခဲ့သော်လည်း ယခုနှစ်အတွင်း ထိုဇာတ်လမ်းတွဲ များတွင် ပါ၀င် သရုပ်ဆောင်နေမှုအား ရပ်ဆိုင်းတော့မည် ဟု ကြေညာထားခဲ့သည်။

မီလီက သူမသည် ကာရာအိုကေ သီဆိုမှုကို နေအိမ်တွင်သာ ပြုလုပ်လေ့ရှိပြီး ထိုအချိန်သည် သူမအတွက် အနွေးထွေးဆုံး ခံစားရကြောင်း ပြောကြားခဲ့သည်။ မီလီက လုပ်ငန်းသဘောအရ သူမသည် နေအိမ်တွင် သိပ်မနေဖြစ်သဖြင့် သူငယ်ချင်း များနှင့်အတူ ပျော်ရွှင်စွာ ရှိနေရသည့် ကာလကို အလွန်မက်မော တန်ဖိုး ထားမိကြောင်း ဝန်ခံသွားခဲ့သည်။

ထို့အပြင် မီလီက သူငယ်ချင်းများ နှင့်အတူ သီချင်း ဆိုရခြင်းနှင့် ပရိသတ်ရှေ့တွင် သီချင်းဆို ရခြင်းမှာ ခံစားမှုခြင်း ကွာခြားသည့်တိုင် သူမ ကိုယ်တိုင်က နှစ်မျိုးလုံးအား နှစ်သက်ကြောင်း ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here