မိုဘိုင်းဖုန်း ဈေးကွက်တွင် Google နှင့် Apple တို့ ယှဉ်ပြိုင်မှု ပြင်းထန် လာဖွယ်ရှိနေ

alt

အမေရိကန် နိုင်ငံ၏ နည်းပညာ ရပ်ဝန်းတွင် Google နှင့် Apple တို့သည် အနီးစပ်ဆုံး လုပ်ငန်းစုများ ဖြစ်ခဲ့ကြသည်။ သို့တိုင်အောင် Google ၏ မိုဘိုင်းဖုန်း ဈေးကွက်

ချဲ့ထွင်မှု နောက်တွင် ကုမ္ပဏီကြီး နှစ်ခုမှာ အပြိုင်အဆိုင် ဖြစ်လာမည့် အနေအထားသို့ ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

Google သည် Apple ကုမ္ပဏီ၏ နာမည်ကျော် iPhone အား ယှဉ်ပြိုင်ရန် Nexus One ကို ပြီးခဲ့သည့် သီတင်းပါတ် အတွင်းက စတင်ရောင်းချ ခဲ့ပြီးနောက် ကုမ္ပဏီ နှစ်ခုကြား အားပြိုင်မှု ကြီးမားလာဖွယ် ရှိနေသည်။

Nexus One ကို Google က Superphone ဟုလည်း ရည်ညွှန်း ထားသည်။ Apple သည် မိုဘိုင်းဖုန်း ကြော်ငြာ ဝန်ဆောင်မှု ကုမ္ပဏီ တခုဖြစ်သည့် Quattro Wirless အား ဒေါ်လာ (၂၇၅)သန်းဖြင့် ဝယ်ယူထားပြီး Google ကလည်း Quattro ၏ ပြိုင်ဖက်ဖြစ်ခဲ့သည့် AdMob အား ဒေါ်လာသန်း (၇၅၀)ဖြင့် ဝယ်ယူ ပိုင်ဆိုင် ထားသည်။ ထို့အပြင် ကုမ္ပဏီကြီး နှစ်ခုလုံးသည် မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုမှု နယ်ပယ်တွင်လည်း အကြိတ်အနယ် ယှဉ်ပြိုင်နေဆဲ ဖြစ်သည်။

လေ့လာသူများက လက်ရှိ အချိန်တွင် PC ကွန်ပျူတာ အသုံးပြုသူများသည် ကြော်ငြာ ဝဘ်ဆိုဒ်များအား Click လုပ်ကာ ကြည့်ရှုမှု သန်း(၁၀၀၀)မျှ ရှိနေပြီး မိုဘိုင်းဖုန်းမှ ကြည့်ရှုမှုမှာ PC ဖြင့် ကြည့်ရှုခြင်းထက် သန်း(၄၀၀၀) အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားရာ ကြော်ငြာဈေးကွက်ကို Apple နှင့် Google တို့ အပြိုင်အဆိုင် လုရဖွယ် ရှိနေသည်။

ထို့အပြင် စမတ်ဖုန်း ဈေးကွက် တဖြည်းဖြည်း ပိုမိုတိုးတက်လာခြင်း သည်လည်း iPhone နှင့် Nexus One တို့၏ ပြိုင်ပွဲအသွင်ကို ဆောင်လာဖွယ် ရှိကြောင်း လေ့လာသူများက ဆိုသည်။ လက်ရှိအချိန်တွင် Google ထုတ်ကုန် မိုဘိုင်းဖုန်းသည် Apple ၏ နာမည်ကြီး မိုဘိုင်းဖုန်းအား မယှဉ်နိုင်သေးသော်လည်း Google က တနှစ်အတွင်း ဖုန်းအလုံးရေ (၁၀)သန်းကျော် ရောင်းချနိုင်ရန် မျှော်လင့်ထားသည်။

နည်းပညာ လေ့လာရေး Endele အဖွဲ့မှ ပညာရှင် ရော့အန်ဒါလီက ဈေးကွက်အတွင်း Apple ၏ အဓိကပြိုင်ဖက်မှာ Microsoft ထက် Google က ပိုမိုဖြစ်လာနိုင်ကြောင်း သုံးသပ်ထားသည်။ စမတ်ဖုန်း ဈေးကွက်တွင် Google သည် Chrome OS ကို တီထွင်ခဲ့သော်လည်း Apple ၏ Quattro က မိုဘိုင်းဖုန်း အသုံးပြုသူများအား အကြီးအကျယ် ဆွဲဆောင်ထားဆဲ ဖြစ်သည်။ Google သည် Nexus One ကို စတင် ထုတ်ဝေချိန်တွင် Apple ၏ iPhone နှင့် iPod အသုံးပြုသူများသည် Application ပေါင်း သန်း(၃၀၀၀)မျှကို Download လုပ်ကာ ရယူခဲ့ကြသည်။

ထို့ကြောင့်လည်း Apple ၏ CEO ဖြစ်သူ စတိဂျော့ဘ် က ဈေးကွက်အတွင်း မိမိတို့ကို ယှဉ်ပြိုင်နိုင်သူ မရှိသေးဟု ဝင့်ဝင့်ကြွားကြွား ပြောကြား ခဲ့သေးသည်။ ထိုအချိန်တွင် Google ၏ ကြွယ်ဝမှုမှာလည်း (၂၀၀၃) ခုနှစ်က ဒေါ်လာ(၁.၅)ဘီလျံမျှ ရှိခဲ့ရာမှ ယမန်နှစ်တွင် (၂၂)ဘီလျံ အထိ တက်လာခဲ့ရာ Apple နှင့် Google တို့၏ ယှဉ်ပြိုင်မှုမှာ နည်းပညာ ဘီလူးကြီး နှစ်ကောင်၏ တိုက်ပွဲအသွင်ကို ဆောင်လာဖွယ် ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here