အဖေါ်အချွတ် ဝဘ်ဆိုဒ် ကူညီ ရှာဖွေပေးသည့် တရုတ် ကျောင်းသား ဆုငွေ ချီးမြှင့်ခံရ

alt

တရုတ် အစိုးရသည် ကောလိပ် ကျောင်းသား လေး တဦးအား Porn ဝဘ်ဆိုဒ်များ ကူညီ ရှာဖွေ ပေးသည့် အတွက် အမေရိကန် ဒေါ်လာ (၁၄၆၆) ဒေါ်လာနှင့်

ညီမျှသည့်  တရုတ် ယွမ်ငွေ (၁၀၀၀၀) ကို ချီးမြှင့် လိုက်ကြောင်း သိရှိရသည်။

အစိုးရ၏ Porn ဝဘ်ဆိုဒ် တိုက်ဖျက်ရေး စီမံကိန်းကို ပြီးခဲ့သည့်နှစ် ကတည်းက စတင်ခဲ့ပြီး လိင်နှင့် ပတ်သက်သည့် လှုံ့ဆော်မှု များရှိသော ဝဘ်ဆိုဒ်များကို ပိတ်ပင်ရန် သတင်းပေးနိုင်သူ များအား ဆုငွေပေးမည်ဟု ကတိပြုထားခြင်း ဖြစ်သည်။

ရှန်ဇီ မြောက်ပိုင်းရှိ အမည် မဖော်ပြသော ကောလိပ်တခုမှ အမည် မဖော်ပြသော ကျောင်းသား လေးသည် Porn ဝဘ်ဆိုဒ်ပေါင်း (၃၂)ခုကို ဖော်ထုတ် ပေးနိုင်ခဲ့ကြောင်း ဇန်နဝါရီလ (၁၁)ရက် နေ့ထုတ် အစိုးရသတင်းစာ များတွင် ဖော်ပြခဲ့သည်။

အစိုးရသည် Porn ဝဘ်ဆိုဒ် တိုက်ဖျက်ရေး စီမံကိန်းကို Great Firewall of China ဟု အမည်ပေးပြီး စတင်ခဲ့ရာ တလအတွင်း ဝဘ်ဆိုဒ်ပေါင်း (၆၂၀၀၀) နီးပါးအား ညွှန်ပြ သတင်းပို့မှု ရရှိပြီး ဖြစ်သည်။ တရုတ်အစိုးရ ဆင်ဆာဌာနက Porn ဝဘ်ဆိုဒ်များ ရှာဖွေ သတင်းပေးမှုကို စိတ်ဝင်စားသူ အမြောက်အမြား ရှိနေခြင်းအတွက် ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း ပြောဆိုသွားသည်။

ယခုလည်း Porn ဝဘ်ဆိုဒ် အရှာကောင်းသူ ကျောင်းသားလေးအား ဘေဂျင်း နှင့် တီယန်ဂျင်းရှိ ဆင်ဆာ အဖွဲ့များက ငွေကြေး ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ တရုတ် အာဏာပိုင်များသည် Porn ဝဘ်ဆိုဒ်များ တည်ထောင်ခဲ့သည့် လူ(၅၀၀၀)ကျော် ကိုလည်း (၂၀၀၉)ခုနှစ် အတွင်းက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက် သုံးစွဲသူ အရေအတွက် အများဆုံး အဆင့်သို့ ရောက်ရှိလာပြီး ယခုအခါ အနည်းဆုံး တရုတ်ပြည်သူ (၃၃၈)သန်းမျှသည် အင်တာနက် ပုံမှန် သုံးစွဲလျှက် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here