အိိန္ဒိယ ဇာတိဖွားတဦး ဩစတြေးလျတွင် အရှင်လတ်လတ် မီးရှို့ခံရ

alt

ဩစတြေးလျ နိုင်ငံ မဲဘုန်းမြို့တွင် နေထိုင်သူ တဦးသည် အရှင် လတ်လတ် မီးရှို့ခံရပြီး နောက် ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူ နေရကြောင်း သိရှိရသည်။

အိန္ဒိယဇာတိ ဖွားဟုယူဆရသည့် အသက် (၂၉)နှစ် အရွယ်လူတဦး အကြမ်းဖက် ခံရကြောင်း ABC သတင်းဌာနက ဖော်ပြ ထားသော်လည်း ရဲဌာန ကမူ တိုက်ခိုက် ခံရသူမှာ ဩစတြေးလျ နိုင်ငံသား တဦးဖြစ်သည်ဟု ယူဆရကြောင်း ပြောကြား လိုက်သည်။

ယခု တိုက်ခိုက်မှုသည် အသက်(၂၁)နှစ် အရွယ် အိန္ဒိယလူမျိုး နီတင်ဂတ်ဂ် အနောက် ဖုစကာရီတွင် အလုပ်ခွင်မှ နေအိမ်သို့ လမ်းလျှောက် ပြန်လာစဉ် ဓားနှင့်ထိုး အသတ်ခံရမှု နောက် တပါတ် အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုကိစ္စအား မီးတင်ရှို့ခဲ့သူ (၄)ဦးရှိကြောင်း ရဲများက ဆိုသည်။ ယင်းပုဂ္ဂိုလ်သည် ဇနီးသည်အား ဒက်ဆက်ဒန် ညစာစားပွဲတွင် ထားခဲ့ပြီး တဦးတည်း ပြန်လာစဉ် အတိုက်ခိုက် ခံရခြင်း ဖြစ်သည်။ ဇန်နဝါရီလ (၉)ရက်နေ့ နံနက် စောစောတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု အတွင်း အမည်မသိ လူ(၄)ဦးသည် ၎င်း၏ကားအား အတင်း ရပ်တန့်စေကာ ကားထဲမှ ဆွဲထုတ်ပြီး ကန်ကျောက် ရိုက်နှက်ကြကြောင်း၊ ထို့နောက်တွင်တော့ အမည်မသိ အရည်များ လောင်းချကာ ထိုသူများ ထွက်မပြေးမီ တဦးက မီးတောက်နေသော မီးခြစ်တခုအား ပစ်ချသွားကြောင်း ၎င်းက ရဲများထံ ထွက်ဆိုခဲ့သည်။

အတိုက်ခိုက် ခံရသူသည် မျက်နှာ၊ လက်မောင်းနှင့် ရင်ဘတ်တို့ အပါအဝင် ခန္ဓာကိုယ်၏ (၁၅) ရာခိုင်နှုန်းခန့် ဆိုးဆိုးရွားရွား လောင်ကျွမ်း ခံထားရကြောင်း ဆရာဝန်များက ဆိုပြီး ယခင်အပါတ်က ပင် ဓါးနှင့် ထိုးသတ်ခံရသူ နီတင်ဂတ်ဂ် အလောင်းအား တနင်္ဂနွေ နေ့က မိခင်ရှိရာ ဒေလီမြို့သို့ ပို့ဆောင်လိုက်သည်။ မဲဘုန်း ရဲတပ်ဖွဲ့သည် ယခု ကိစ္စအတွက် ထောက်လှမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here