ကင်ဆာ ဖြစ်ပွားနိုင်ချေ ကော်ဖီသောက်ခြင်းဖြင့် ကာကွယ်နိုင်

alt

အမေရိကန် တော်လှန်ရေး၏ ဖြစ်ပွား ခဲ့သည့် ၁၇၇၃ အား အထိမ်းအမှတ် အဖြစ် ကျင်းပခဲ့သော သမိုင်းဝင် ဘော်စတွန် တီးပါတီ မှသည် ကော်ဖီ သောက်ခြင်း ဓလေ့ ပြောင်းလဲခဲ့သော

အမေရိကန် နိုင်ငံသည် ယနေ့အခါ တနေ့လျှင် ကော်ဖီ အခွက်ပေါင်း သန်း၄၀၀ စားသုံးသော နိုင်ငံအဖြစ် ကမာ္ဘ့ကော်ဖီ စာသုံးသူ တတိယ နေရာတွင် ရပ်တည်နေခဲ့ပြီ ဖြစ်သည်။

ဗန်ဒါဘေးလ် တက္ကသိုလ်မှ သိပ္ပံပညာရှင် ဒေါက်တာ သောမတ် ဒီပေါလ်လစ် မှ ဂျာဗါး ကော်ဖီတခွက်ရဲ့ မွှေးကြိုင်းသင်းပျံ့ပြီး အန္တရာယ် ကင်းရှင်းကြောင်း ပြောကြားလိုက်သည်။ ကော်ဖီ သုတေသီ တဦးကတော့ ကော်ဖီဟာ ဘေးထွက်ဆိုးကျိုး မဆိုသလောက် အနည်းငယ်သာ ရှိပြီး လန်းဆန်း တက်ကြွသော အာနိသင်ရှိသည်ဟု ဆိုသည်။

ဉာဏ်ရည်ဉာဏ်သွေး မြှင့်တက်စေကာ ရုတ်တရက် လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်မှု နှင့် ကင်ဆာ ရောဂါများအား အထိုက်အလျှောက် အကာကွယ်ပေးသည်ဟု ဆိုသည်။ ဆီးချိုရောဂါ ၂မျိုးနှင့် အသည်းရောဂါ နှင့် သည်းခြေ ကျောက်တည်ခြင်း တို့အား ကာကွယ်စေသည်ဟု တက္ကဆတ်၊ ဟူစတန် ဆေးတက္ကသိုလ် မှ ပညာရှင်များက အခိုင်အမာ ပြောဆိုလိုက်သည်။

ဟားဗတ် တက္ကသိုလ်မှ သုတေသီများက ကော်ဖီသောက်သုံးသည့် လူ ၅သောင်းအား ၁၉၈၆ မှ ၂၀၀၆ ခုနှစ် သုတေသနပြုရာ ၄၉၇၅ ဦးရေမှာ ကင်ဆာရောဂါကို ကော်ဖီကြောင့် ကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး၊ ၈၄၆ဦးသာ ဆုံးရှုံးခဲ့ရကြောင်း ရလဒ်က ညွှန်းပြနေသည်။ ကော်ဖီအား တရက် ၆ခွက်ကျော် အလွန်အကြွံ သောက်သုံး ခြင်းနှင့် ကော်ဖီတံဆိပ်တွင် ညွှန်းဆို ပြထားသော ကဖိန်းပါဝင်မှု နှုန်းများပြားသည် ဆိုသည်များကိုသာ ကြည့်ရှု ရှောင်ရှား ရန်လိုသည်ဟု ပြောကြားလိုက်သည်။

ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာ ကက်သရင်းဝီလ်ဆင်မှ ကော်ဖီဟာ ကင်ဆာဖြစ်ခြင်းကို ဘာလို့ ကာကွယ်နိုင်လဲ ဆိုယင် အင်ဆူလင်၊ ဂလူးကို့(စ်) ၊ ဟိုမုန်း နှင့် metabolism တို့အား လူတို့ အသက်ရှည်ရန် ချိန်ညှိပေးနိုင် သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here